Developer များအတွက် Gemini ကို Vertex AI မှာ ထည့်ပေးလိုက်ပြီ

Google ဟာ Gemini ကို မကြာသေးမှီကမှ Version (၃) မျိုးနဲ့ မိတ်ဆက်ပေးခဲ့ပြီး အခုလည်း Developers များအတွက် Vertex AI မှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

Google ရဲ့ Vertex AI ဟာ Google Cloud နဲ့ အလုပ်လုပ်တာဖြစ်ပြီး End-to-End AI Platform တစ်ခုဖြစ်သလို ပြောင်းလွယ်ပြင်လွယ်တဲ့ Tools များ၊ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ စနစ်များ အပြင် Build-In လုံခြုံရေးစနစ်တွေအထိ ပါဝင်နေတာကြောင့် Developers များအတွက် Applications ဖန်တီးဖို့ အကောင်းဆုံး Platform တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး အားကောင်းတဲ့ Vertex AI မှာ Gemini Pro ကို ထည့်သွင်းကာ အဆင့်မြှင့်တင်ပေးလိုက်တာကြောင့် Vertex AI ဟာ Developer များအတွက် အရမ်းကောင်းတဲ့ AI တစ်ခု ဖြစ်လာခဲ့ပါပြီ။

Google ရဲ့ ပြောပြမှုအရ Gemini ပါဝင်လာတဲ့ Vertex AI မှာ Developer များဟာ Gemini ကို လိုအပ်သလို စိတ်ကြိုက်ပြုပြင် သုံးစွဲနိုင်မှာ ဖြစ်တာကြောင့် Application အသစ်တွေ ဖန်တီးတဲ့အခါ ပိုမိုအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Google မှ ထုတ်လုပ်ထားတဲ့ Models ပေါင်း ၁၃၀ ကျော်ကို တစ်နေရာထဲမှာ အသုံးပြုနိုင်မှာဖြစ်လို့ Application အတွက်လိုအပ်တဲ့ အရာတွေအားလုံးကို အလွယ်တကူ သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် Gemini ပါဝင်တဲ့ Vertex AI ဟာ အခုမှ Developer လောကထဲဝင်လာတဲ့ Low Skill Developers များပါ အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း Google ရဲ့ ပြောပြမှုအရ သိရပါတယ်။ အပေါ်မှာ ပြောခဲ့သလို Vertex AI ဟာ Google Cloud ပေါ်မှာ အလုပ်လုပ်တာ ဖြစ်ပြီး Build-In လုံခြုံရေးထိန်းချုပ်မှုစနစ် ပါဝင်ပြီးသား ဖြစ်သလို Encryption လည်း ပါဝင်တာကြောင့် အချက်အလက် လုံခြုံစိတ်ချရမှုအတွက်လည်း စိတ်ပူစရာမလိုတော့ပါဘူး။

Google ဟာ Gemini ကို မိတ်ဆက်ပြီးနောက် ပထမဦးစွာ Developers များအတွက် အသုံးဝင်တဲ့ AI တစ်ခုဖြစ်လာစေရန် ဖော်ဆောင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာ Gemini Pro ကို Google AI Studio နှင့် အခုပြောပြခဲ့တဲ့ Vertex AI တို့တွင် အသုံးပြုနိုင်နေပြီး Gemini Ultra ကိုတော့ ရွေးချယ်ထားတဲ့ ဖောက်သည်များ၊ Developers များ နဲ့ Parteners များကိုသာ အသုံးပြုခွင့် ပေးထားကာ Feedback ကို စောင့်ကြည့်နေကြောင်း သိရပါတယ်။ ခန့်မှန်းမှုအရ နောက်နှစ် အစောပိုင်းလောက်မှာ Gemini Ultra ကို လူတွေရဲ့ လက်ထဲထည့်ပေးလိမ့်မယ်လို့ သိရပါတယ်။

Exit mobile version