Google ဟာ Gemini 2.0 Pro Flagship Model နဲ့ အတူ Gemini 2.0 Flash Thinking Update ကို ထည့်သွင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။
Gemini 2.0 Pro ကိုတော့ Gemini ကို လစဥ်ကြေးပေးကာ ဝယ်ယူထားသူများနဲ့ Vertex AI နဲ့ AI Studio တို့ကို ဝယ်ယူ အသုံးပြုသူများမှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Gemini 2.0 Pro ဟာ Gemini 1.5 Pro ထက် Coding အပိုင်းနဲ့ တွက်ချက်မှုဆိုင်ရာ စမ်းသပ်ချက်များမှာ ပိုမိုတိကျ မှန်ကန်ပြီး Performance အပိုင်းမှာလည်း ပိုပြီး အားကောင်းမှာ ဖြစ်ကြောင်း Google ရဲ့ ပြောပြမှုအရ သိရပါတယ်။
Gemini 2.0 Flash ကိုတော့ Developer များ အလွယ်တကူ အသုံးပြုနိုင်ဖို့ Gemini Web ၊ Mobile App တို့အပြင် Google ရဲ့ AI Studio နဲ့ Vertex AI တို့မှာ Free ထည့်သွင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော Google Apps များ ဖြစ်ကြတဲ့ YouTube ၊ Search နဲ့ Google Maps အစရှိတာတွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ယခု Update နဲ့အတူ ဈေးသက်သက်သာသာနဲ့ အသုံးပြုလို့ ရမယ့် Gemini 2.0 Flash-Lite ကိုလည်း Google က မိတ်ဆက်ပေးခဲ့ ပါသေးတယ်။
Google ဟာ ၂၀၂၃ ခုနှစ်တုန်းက AI အတွက် ၃၂.၂ ဘီလီယံ နဲ့ စတင် ရင်းနှီးခဲ့ရာမှ ယခုနှစ်ဆိုရင် ၇၅ ဘီလီယံ အထိ ခုန်တက်သွားတာကြောင့် AI အတွက် များစွာ အားထည့်ထားတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ သို့ပေမယ့် Google ရဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ OpenAI ၊ Microsoft ၊ Meta နဲ့ Amazon တို့ကလည်း ၎င်းတို့ရဲ့ AI တွေကို အဆင့်မြှင့်တင်မှုတွေ ဆက်လက်ပြုလုပ်နေသလို တရုတ်ရဲ့ DeepSeek AI ကလည်း နေရာဝင်ယူလာတာကြောင့် AI နယ်ပယ်ရဲ့ ပြိုင်ဆိုင်မှုတွေဟာ ဒီထက်ပြင်းထန်လာဖို့ ရှိနေကြောင်း တွေ့ရပါတယ်။
Discussion about this post