GDPR ဥပဒေ ချိုးဖောက်မှုကြောင့် ယူရို ၃၄၅ သန်း ဒဏ်ရိုက်ခံလိုက်ရတဲ့ TikTok

နာမည်ကြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ TikTok ကို အိုင်ယာလန် Data Protection Commissioner (DPC) က European Union ရှိ ကလေးများရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်များကို စီမံဆောင်ရွက်ပေးခြင်းနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာဥပဒေများကို ချိုးဖောက်ခဲ့တဲ့အတွက် ယူရို ၃၄၅ သန်း (ဒေါ်လာ ၃၇၀ သန်း) ဒဏ်ရိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

TikTok က ကလေးများရဲ့ Data Processing ကို လုပ်ဆောင်တဲ့အခါ အုပ်ထိန်းသူ၊မိဘများရဲ့ သဘောတူညီချက်ကို ရယူရန် ပျက်ကွက်ခဲ့ကြောင်း နောက်ပြီး ကလေးများက ၎င်းတို့ရဲ့ ဒေတာအသုံးပြုပုံနဲ့ ပတ်သက်ပြီး ရှင်းလင်းမြင်သာသော အချက်အလက်ကို မပေးထားကြောင်း DPC ကတွေ့ရှိခဲ့တာ ဖြစ်ပြီး အရေးယူမှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ ယူရို ၃၄၅ သန်း ဒဏ်ကြေးက DPC မှထုတ်ပြန်ဖူးခဲ့သမျှ ဒဏ်ကြေးတွေရဲ့ အကြီးမားဆုံးဖြစ်ပြီး EU ရဲ့ အထွေထွေဒေတာကာကွယ်ရေးစည်းမျဉ်း (GDPR) ကိုချိုးဖောက်ခဲ့တဲ့ အတွက် TikTok ကို ပထမဆုံးအကြိမ် ဒဏ်ရိုက်ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

GDPR ဥပဒေ ချိုးဖောက်မှုကြောင့် ယူရို ၃၄၅ သန်း ဒဏ်ရိုက်ခံလိုက်ရသော TikTok

အထွေထွေဒေတာကာကွယ်ရေးစည်းမျဉ်း (GDPR) က ၎င်းတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းချုပ်ပေးခြင်းဖြင့် EU အတွင်းရှိ လူတစ်ဦးချင်းစီရဲ့ Privacy ကိုကာကွယ်ရန် ရည်ရွယ်ထားတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ TikTok ဘက်ကတော့ DPC ရဲ့ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိကြောင်းနဲ့ ဒဏ်ကြေးကို အယူခံဝင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ မိဘများ အနေဖြင့် ၎င်းတို့ ကလေးများရဲ့ အကောင့်များကို ဖျက်ရန် ပိုမိုလွယ်ကူစေတဲ့ လုပ်ဆောင်ချက် အပါအဝင် TikTok က ၎င်းတို့ရဲ့ ကိုယ်ရေးကိုယ်တာ အလေ့အကျင့်များနဲ့ ပတ်သက်တဲ့ မြှင့်တင်မှုများကို စွတ်စွဲချက်မတိုင်ခင်ကထည်းက လုပ်ဆောင်ခဲ့ကြောင်း ပြန်လည် ပြောကြားထားပါတယ်။ ဒဏ်ကြေးကို အယူခံဝင်တဲ့ ကိစ္စနဲ့ ပက်သက်တဲ့ နောက်ပိုင်းအကြောင်းအရာတွေကိုတော့ မသိရှိရသေးပါ။

Exit mobile version