Mobile AI ခေတ်သစ်ကို ခေါ်ဆောင်လာမယ့် Galaxy Unpacked 2024 Event

Samsung ရဲ့ နှစ်စဥ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ Galaxy Unpacked 2024 ပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ကြောင်း ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ပွဲကျင်းပမယ့်နေရာကတော့ California ရဲ့ San Jose မြို့မှာ ဖြစ်ပြီး စတင်ကျင်းပမယ့် အချိန်ကတော့ 10 a.m. PST ၊ 1 p.m. EST ၊ 6 p.m. GMT နှင့် 7 p.m. CET ဖြစ်ကြောင်း သိရပါတယ်။

Samsung ရဲ့ ပြောပြမှုအရ ဒီနှစ်ရဲ့ Unpacked ပွဲဟာ အရင်နှစ်တွေနဲ့ မတူတော့ပဲ Mobile AI ခေတ်သစ်ကို ခေါ်ဆောင်ပေးမယ့် ပွဲကြီးဖြစ်သလို ကျွန်တော်တို့ အားလုံးအတွက် အတွေ့အကြုံအသစ်များကို ပေးစွမ်းနိုင်မယ့် ပွဲကြီးဖြစ်ကြောင်း သိရပါတယ်။ ၎င်းပွဲမှာ မိတ်ဆက်ပေးသွားမယ့် Galaxy S series ဖုန်းအသစ်ဟာ အဆင့်မြင့်နည်းပညာများနဲ့ ပြုလုပ်ထားမှာဖြစ်တာကြောင့် အသိဥာဏ်အရှိဆုံး ဖုန်းဖြစ်လာလိမ့်မယ်လို့လည်း Samsung က ပြောပြထားပါတယ်။

Samsung ရဲ့ Galaxy Unpacked 2024 ပွဲကြီးကို Samsung ရဲ့ Official Website အပြင် Samsung Newsroom နဲ့ Samsung YouTube Channel တို့မှ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version