ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင်မှ Microsoft အား တရားစွဲ

Microsoft ဟာ ဝန်ထမ်းပေါင်း ၂ ထောင် ဝန်းကျင်ကို အလုပ်ထုတ်ပြီး ၁ ပတ် အကြာမှာ ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင်က Microsoft ကို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင်ရဲ့ ပြောပြမှုအရ လွန်ခဲ့တဲ့ (၂) နှစ်တုန်းက Activision Blizzard နဲ့ Microsoft တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ Activision Blizzard ရဲ့ ဝန်ထမ်းတွေကို လျော့ချခြင်း မပြုလုပ်ပါဘူး ဆိုတဲ့အချက် ပါဝင်နေကြောင်း သိရပါတယ်။ Microsoft ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့တန်းက Activision Blizzard ၊ ZeniMax နှင့် Xbox တို့ရှိ ဝန်ထမ်းပေါင်း ၁၉၀၀ ကျော်ကို ရာထူးနေရာများ ထပ်နေခြင်းကြောင့် အလုပ်မှ ရပ်နားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖယ်ဒရယ် ကော်မရှင်ဘက်မှ ကျေနပ်မှုမရှိတာကြောင့် အလုပ်ထုတ်ခြင်းခံခဲ့ရတဲ့ အလုပ်သမားများရဲ့ နစ်နာမှုအတွက် Microsoft ကို တရားစွဲဆိုမှု ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။ Microsoft ရဲ့ ဝန်ထမ်းလျော့ချမှုဟာ Video Game လောကမှာ အကြီးမားဆုံးသော ဝန်ထမ်းလျော့ချမှု တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ Video Game ကုမ္ပဏီများရဲ့ ဝန်ထမ်းလျော့ချမှုဟာ စုစုပေါင်း ၁၀၅၀၀ အထိရှိခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်ရဲ့ ပထမဦးဆုံး လထဲမှာပဲ ဝန်ထမ်းပေါင်း ၆၀၀၀ အထိ အလုပ်မှ ရပ်နားခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

Exit mobile version