Meta က Apple Watch မှာ Messenger App ကို အပြီးတိုင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာ

မကြာသေးခင်ကမှ ကြေညာချက်တစ်ခုမှာ Meta က Messenger App ရဲ့ Apple Watch Version ကို မေလ ၃၁ နောက်ပိုင်း တရားဝင်ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မေလ နောက်ပိုင်းမှာ Message Notifications ဝင်တာကိုဘဲ ကြည့်လို့ ရတော့မှာ ဖြစ်ပြီး အရင်လို Message တွေ၊ အသံဖိုင်တွေ၊ Sticker တွေပို့လို့ ရတော့မှာ မဟုတ်ပါဘူး။ Meta က ဘာကြောင့် Messenger App ကိုရပ်ဆိုင်းလိုက်လဲဆိုတာ ကိုတော့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။

Meta Discontinues Facebook Messenger App for Apple Watch.

အခုလက်ရှိ မှာ Meta က ၎င်းတို့ရဲ့ Company ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်နေတာဖြစ်ပြီး ဒီနှစ်အတွင်းမှာဘဲ ဝန်ထမ်း ၁၀၀၀၀ လောက်ကို အလုပ်မှထုတ်ပယ်ထားတာဖြစ်ပါတယ်။ Smart Watch မှာ အသုံးဝင်မှု နည်းပါးတဲ့ Messenger App တို့လို Project တွေထက် တစ်ခြား အရေးကြီးတဲ့ Project ပိုအာရုံစိုက်မှာဖြစ်လို့ Apple Watch အတွက် Messenger App ကိုရပ်ဆိုင်း လိုက်တယ်လို့ဘဲ မီဒီယာများက မှတ်ချက်ပေးထားကြပါတယ်။

Exit mobile version