Facebook Page နဲ့ Messenger မှာ Broadcast Feature စတင်ရရှိတော့မည်

Meta က Broadcast Feature ကို Instagram မှာ စတင် မိတ်ဆက်ခဲ့ပေမယ့် Facebook နဲ့ Messenger မှာလည်း Broadcast Feature ကို မကြာခင် ရရှိတော့မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Broadcast Feature ဆိုတာ Telegram Channel တွေနဲ့ အလုပ်လုပ်ပုံဆင်တူပြီး One way broadcasting system ဖြစ်လို့ Channel Owner ကနေဘဲ Subscribers/Followers/Members တွေဆီ စာပို့လို့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် Facebook Page Owner တွေကဘဲ Broadcast လုပ်နိုင်မှာဖြစ်ပြီး မန်ဘာတွေအနေနဲ့ ဝင်ရောက်ပြီး စာပို့တာတွေ၊ စာပြန်တာတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ မန်ဘာတွေအနေနဲ့ Poll, Vote စတဲ့ Reaction based activity တွေကိုသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Broadcast Feature ဟာ ကိုယ့်ရဲ့ Follower တွေဆီကို တိုက်ရိုက်ရောက်ဖို့ နည်းလမ်းသစ်တစ်ခုဖြစ်သလို Page Owner တွေအနေနဲ့ မိမိတင်ဆက်လိုတဲ့ အကြောင်းအရာတွေကိုလည်း မန်ဘာတွေဆီ တိုက်ရိုက်ပို့ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Broadcast Feature ကို လူတိုင်းမရရှိနိုင်သေးပေမယ့် ဒီလင့်ကနေ Waitlist တင်ထားလို့ရနိုင်ပါတယ်။

Exit mobile version