Facebook Logo ကို မသိမသာ ပြောင်းလဲမှုလုပ်လိုက်တဲ့ Meta

Meta ဟာ ပြီးခဲ့တဲ့ အပတ်က Facebook ကို Update ပြုလုပ်ခဲ့ပါတယ်။ ၎င်း Update မှာ Facebook ရဲ့ Logo ကို ပြောင်းလဲမှု ပြုလုပ်ထားတာ တွေ့ရပါတယ်။

ပုံထဲမှာ မြင်ရတဲ့အတိုင်း Meta ဟာ Facebook ရဲ့ Logo ထဲရှိ အပြာရောင်ကို အရင့်ဘက်သို့ အနည်းငယ် သုံးထားပြီး “f” စာလုံးကိုလည်း အနည်းငယ် Bold လုပ်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်နဲ့ပါဆို Facebook ရဲ့ Logo ပြောင်းလဲခြင်းဟာ (၅) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Logo ပြောင်းလဲမှု လုပ်တိုင်းမှာ အခုမြင်တွေ့ရတဲ့အတိုင်း အများကြီး ပြောင်းလဲသွားတာမဟုတ်ပဲ အနည်းငယ် မသိမသာလေးတွေသာ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

Facebook ရဲ့ ပြောပြမှုအရ Logo ဟာ ရဲရင့်မှု၊ လျှပ်စစ်နှင့် ထာဝရတည်တံ့မှုတို့ကို ကိုယ်စားပြုထားတာဖြစ်ပြီး အခုလို အရောင်အရင့်ဘက်ကို အနည်းငယ်ပြောင်းလဲလိုက်ခြင်းဟာ အခြား Apps တွေထဲမှာ ပိုမိုထင်ပေါ်စေဖို့ ဖြစ်ကြောင်း သိရပါတယ်။ Meta ရဲ့ ပြောမှုအရ Facebook ပေါ်မှာ နေ့စဥ်အသုံးပြုသူ ဘီလီယံနဲ့ ချီကာရှိနေတာကြောင့် Logo ကို ကြီးကြီးမားမား ပြောင်းလဲခြင်း မလုပ်ပဲ အနည်းငယ်မျှသာ မသိမသာလေး ပြောင်းလဲမှု ပြုလုပ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

Facebook ဟာ အခု Update မှာ Main Logo အပြင် Reaction Icon တွေကိုပါ အနည်းငယ် ပြောင်းလဲထားတာ တွေ့ရပြီး Menu Icon ဒီဇိုင်းတွေကိုပါ အနည်းငယ်စီ ပြောင်းလဲထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် Meta ဟာ Facebook အတွက် ယခု Update မှာ Logo အပါအဝင် UI အပိုင်းတွေကိုပါ အနည်းငယ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ထားတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Exit mobile version