Facebook နဲ့ Instagram အကောင့်တွေ Blue Mark လိုချင်ရင် ဝယ်လို့ရတော့မည်

Personal Account တွေဘဲ ရအုံးမှာပါ၊ Page အနေနဲ့တော့ ဝယ်လို့မရသေးပါဘူး

ဟုတ်ပါတယ် Facebook နဲ့ Instagram ရှိ လူတိုင်းမရနိုင်တဲ့ Blue Mark ကို လစဥ်ကြေးပေးပြီး ဝယ်လို့ရတော့မှာဖြစ်ကြောင်းကို CEO Mark Zuckerberg ကိုယ်တိုင် ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ယခုမှာတော့ သြစတြေးလျ နဲ့ နယူးဇီလန် တို့မှာ စတင်ဝယ်ယူနိုင်ပြီး ကျန်နိုင်ငံတွေကတော့ မကြာမှီမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေကတော့ Web အတွက် တစ်လကို ၁၁.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး iOS Mobile ကနေလျှောက်မယ်ဆို တစ်လကို ၁၄.၉၉ ဒေါ်လာကျသင့်မယ်လို့ သိရပါတယ်။ ဒီအမှတ်အသားကို “Meta Verified” လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ Meta မှ စစ်ဆေးပြီးတဲ့ အကောင့်ဖြစ်ကြောင်း အမှတ်အသားပဲ ဖြစ်ပါတယ်။

CEO Mark Zuckerberg and facebook (from google)

Blue Mark ကို လျှောက်ချင်ရင်တော့ အစိုးရအသိအမှတ်ပြုထားတဲ့ မှတ်ပုံတင်တစ်ခုခု လိုအပ်မှာဖြစ်ပြီး မှတ်ပုံတင်ထဲက နာမည် နဲ့ သင့် Facebook အကောင့် နာမည်တူရပါမယ်။ ဒါ့အပြင် သင့် ဓာတ်ပုံက ရုပ်နဲ့ Facebook Profile ရှိ ရုပ်နဲ့ လည်း တူရပါအုံးမယ်။ ဒီအချက်တွေနဲ့ ပြည့်ရင်တော့ Blue Mark ကို လစဥ်ကြေးပေးပြီး လျှောက်နိုင်ပါပြီး။

Blue Mark လျှောက်ထားတဲ့ လူတွေက Meta ရဲ့ လုံခြုံရေးကို ပိုမိုရရှိမှာ ဖြစ်ပြီး customer support နဲ့လည်း အချိန်မရွေးတိုက်ရိုက် ဆက်သွယ်နိုင်မယ့် အခွင့်အရေးတွေ ရနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သြစတြေးလျ နဲ့ နယူးဇီလန် တို့မှာပဲ ဝယ်လို့ရအုံးမှာ ဖြစ်လို့ ကျန်တဲ့နိုင်ငံတွေကတော့ ခဏစောင့်ရအုံးမှာ ဖြစ်ပါတယ်။

Exit mobile version