Facebook မှာအသုံးပြုလို့ ရပြီ ဖြစ်တဲ့ “Multiple Profiles” Feature

Meta က Facebook မှာ မိမိရဲ့အကောင့်တစ်ခုထဲ နဲ့ နောက်ထပ် Profiles 4 ခုထိ ဖွင့်ပြီး အသုံးပြုလို့ ရနိုင်မယ့် “Multiple Profiles” Feature ကို အသုံးပြုလို့ရပြီ ဖြစ်ကြောင်း ၉ လပိုင်း ၂၁ ရက်နေ့ကစတင် ကြေညာခဲ့ပါတယ်။ ဆိုလိုတာက မိမိမှာရှိနေတဲ့ ကိုယ်ပိုင်အကောင့် တစ်ခုထဲကို နောက်ထပ် Profiles 4 ခုထပ်ဖွင့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Facebook မှာအသုံးပြုလို့ ရပြီ ဖြစ်တဲ့ “Multiple Profiles” Feature

Multiple Profiles ကို အသုံးပြုပြီး အကောင့်တစ်ခုဆီကို မတူညီတဲ့ နယ်ပယ်တစ်ခုချင်းဆီ ထားပြီး အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် အသုံးပြုသူတစ်ဦး က ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဘဝအတွက် ပရိုဖိုင်တစ်ခု၊ ကိုယ့်ရဲ့ အလုပ်အတွက် ပရိုဖိုင်တစ်ခုနဲ့ နောက်တစ်ခုက ကိုယ့်ဝါသနာတွေအတွက် ပရိုဖိုင်တစ်ခု အနေနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Multiple Profiles က Facebook ကို မိမိထားချင်သလို မတူညီတဲ့ နယ်ပယ်တစ်ခုချင်းဆီမှာ အကောင့်တစ်ခုချင်းဆီ 4 ခုထိဖွင့်ပြီး အသုံးပြုလို့ ရတယ် ဆိုပေမယ့် Email တစ်ခုထဲကို အသုံးပြုရတာဖြစ်တဲ့ အတွက် Email Address ပျက်တာတို့၊ မူလ Facebook Account ပျက်သွားမယ်ဆိုရင် Additional Profile တွေပါ အကုန်ပျက်မှာဖြစ်ပါတယ်။

Exit mobile version