Elon Musk ရဲ့ Master Plan 3

ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Elon Musk ဟာ သူ့ရဲ့ Master Plan 3 ကို Texas ပြည်နယ် Austin ခရိုင် Gigafactory မြို့ရှိ Tesla ကုမ္ပဏီမှာ ချပြလိုက်ပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ အလည်လောက်က Master Plan 3 ဟာ ကမ္ဘာမြေကြီးအတွက် ရေရှည်တည်တံ့နိုင်မယ့် စွမ်းအင်တစ်ခုလို့ ပြောပြခဲ့တဲ့အတိုင်း ကမ္ဘာမြေကြီး ရေရှည်တည်တံ့ဖို့အတွက် အနာဂတ်မှာ ကမ္ဘာမြေကြီးရဲ့ အရင်းအမြစ်တွေ မထိခိုက်အောင် သဘာဝကပေးထားတဲ့ စွမ်းအင်တွေကို အသုံးချမလို့ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ လျှပ်စစ်ကားတွေ ပိုမိုထုတ်လုပ်နိုင်ဖို့၊ အိမ်တွေနဲ့ အဆောက်အအုံတွေမှာ အပူပေးစက်တွေအစား heat pumps တွေကိုသုံးဖို့၊ စက်ရုံအလုပ်ရုံတွေမှာ အပူချိန်မြင့် အပူပေးဝေခြင်းနှင့် ဟိုက်ဒရိုဂျင် စနစ်တွေကိုသုံးပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ လောင်စာဆီတွေဖန်တီးကာ ထိုလောင်စာဆီတွေနဲ့ အသုံးပြုနိုင်မယ့် လေယာဥ်တွေ၊ သင်္ဘောတွေကို တည်ဆောက်ကြဖို့ပဲ ဖြစ်ပါတယ်။

Master Plan 3 (from google)

Elon Musk ဟာ ဒီ Plan အတွက် ဒေါ်လာ ၁၀ ထရီလီယံအထိ သုံးမလို့ ရည်ရွယ်ထားပြီး တစ်ကမ္ဘာလုံးအတွက်ဆိုရင် ဒီပိုက်ဆံက မလုံလောက်သေးဘူးလို့လဲ ပြောခဲ့ပါသေးတယ်။ Elon Musk က “ဒီကမ္ဘာကြီးအတွက် ရေရှည်တည်တံ့နိုင်တဲ့ စွမ်းအင်ဆိုတာ တကယ်ရှိပါတယ်၊ အဲတာအတွက် သဘာဝ အရင်းအမြစ်တွေကိုလည်း ဖျက်ဆီးစရာမလိုဘူး၊ လျှပ်စစ်စွမ်းအား သုံးစွဲမှုတွေကို ခြွေတာစရာမလိုသလို ရပ်တန့်စရာလည်း မလိုပါဘူး” လို့ ပြောခဲ့ပါတယ်။ ထိုစွမ်းအင်ကို ဖန်တီးမလို့ သတ္တုများစွာကို တူးဖော်စရာလည်း မလိုအပ်ပါဘူး၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ၃၀ ရာနှုန်းထပ်နည်းတဲ့ နီကယ်နဲ့ သံကိုသာ လိုအပ်တာဖြစ်ပြီး ဒီအရာတွေကလည်း ကမ္ဘာမြေကြီးမှာ အပေါများဆုံး သတ္တုတွေဖြစ်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ Elon Musk ကပြောခဲ့ပါသေးတယ်။

ဒါ့အပြင် ကမ္ဘာမြေကြီးရဲ့ ၀.၂ ရာနှုန်းသော မြေမျက်နှာပြင်မှာ လျှပ်စစ်စွမ်းအင်း ထုတ်လုပ်နိုင်တဲ့ လေပန်ကာကြီးတွေနဲ့ ဆိုလာတွေလိုမျိုး အခြေခံအဆောက်အအုံတွေ လိုအပ်နေသေးတယ်လို့ Elon Musk က ပြောခဲ့ပြီး ဒီအတွက် ဘယ်လိုဖန်တီးသွားမယ်ဆိုတဲ့ အသေးစိတ် Plan ကို မကြာမှီထုတ်ပြမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

Tesla electric vehicles (from google)

Master Plan 3 ကို ပြောပြခဲ့တဲ့ ၃နာရီလောက်ကြာတဲ့ပွဲမှာ ထူးခြားချက်ကတော့ Tesla ကားနဲ့ ပတ်သက်ပြီး တစ်ခုမှ မပြောသွားခဲ့ပါဘူး။ ဒါပေမယ့် ပုံမှာပြထားတဲ့အတိုင်း Tesla ရဲ့ လျှပ်စစ်ကားတွေကို ပြတဲ့အချိန်မှာ ကား(၂)စီးကို အုပ်ထားတာတွေ့ရပါတယ်။ အဲတာကိုကြည့်ပြီး မကြာမှီမှာ နောက်ထပ် ကား (၂)မျိုးကို Tesla က ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ Elon Musk ဟာ ယခုချပြလိုက်တဲ့ Master Plan 3 ကြောင့် လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးမှ ကမ္ဘာမြေကြီးကို ကယ်တင်ဖို့အတွက် ကြိုးစားနေတဲ့ သူဌေးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။

Exit mobile version