Twitter ကို X အဖြင့် ပြောင်းလဲလိုက်ပြီ

Twitter ရဲ့ CEO Elon Musk ဟာ တနင်္ဂနွေနေ့ည 12AM ET အချိန်မှာ Twitter Logo ကို ဖျက်သိမ်းပြီး အင်္ဂလိပ်အက္ခရာ X အဖြစ် Logo ပြောင်းလဲခြင်းကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Elon Musk ဟာ နောက်ဆုံးမှာတော့ သူနှစ်သက်တဲ့ X စာလုံးကို သူ့ရဲ့ ထုတ်ကုန်တွေအားလုံးမှာ အသုံးပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ည 12AM ET အချိန်တွင် Elon Musk က မကြာမီမှာ Twitter ကို လေလံတင်ရောင်းချတော့မယ့်အကြောင်း Twitter ပေါ်မှာ တင်ခဲ့ပြီး တကယ်လို့ X Logo ကို ဒီညမှာ တင်ခဲ့ရင် နောက်နေ့မှာ တစ်ကမ္ဘာလုံးကို Live လုပ်မှာ ဖြစ်ကြောင်း Twitter မှာ ဆက်ပြီး တင်ခဲ့ပါတယ်။ အဲလိုတင်ပြီး နာရီအနည်းငယ် အကြာမှာ Elon Musk ရဲ့ Twitter Profile ကို X Logo ပြောင်းလိုက်တာ ဖြစ်ပါတယ်။

Elon Musk ဟာ အခုလို Twitter Logo မှ X Logo အဖြင့် Rebranding လုပ်ဖို့အတွက် အချိန်အတော်ကြာအောင် စဥ်းစားခဲ့ရပြီး အခုတော့ အမှန်တကယ် ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။ Elon Musk ဟာ X Logo ကို တင်ပြီးနောက် Twitter Space Session ကို Join ခဲ့ကြောင်း သိရပါတယ်။ ၎င်း Twitter Space Session ကို Elon Musk မ Join မီ အချိန် ၁ နာရီလောက်မှာ တစ်ဦးတစ်ယောက်မှ စကားပြောခြင်းမရှိပဲ တိတ်ဆိတ်နေခဲ့ကာ Elon Musk ရောက်လာတော့မှ Twitter Logo ကို ဖျက်သိမ်းပြီ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီညမှာပဲ Elon Musk ဟာ ကုမ္ပဏီကို X အဖြင့် ပြောင်းလဲပြီဖြစ်ကြောင်းနဲ့ Twitter အနေနဲ့ Email ပို့တာ ဒါနောက်ဆုံးအကြိမ်ဖြစ်ကြောင်း သူ့ရဲ့ ဝန်ထမ်းတွေကို Email ပို့ခဲ့တယ်လို့ သိရပါတယ်။ Elon Musk ဟာ “X” ဆိုတဲ့ စလုံးအဖြင့် သူထိတွေ့တဲ့ အရာတိုင်းကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ် (၂) ခုကျော်လောက် ကြာခဲ့ပြီလို့ ဆိုရပါမယ်။ အခုတော့ Elon Musk ရဲ့ ပိုင်ဆိုင်မှုအားလုံးမှာ “X” အမှတ်အသားတွေ ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Exit mobile version