Discord က Creator တွေ အတွက် Monetization Feature တစ်ခုကို ပြုလုပ်ရန် စီစဉ်

Discord က Creator များအတွက် Server Shop မှတစ်ဆင့် ၎င်းတို့ရဲ့ Digital Product များကို ရောင်းချနိုင်မယ့် Monetization Plan တစ်ခုကို စမ်းသပ်ဖန်တီးနေကြောင်းသိရှိရပါတယ်။ “Downloadables” လို့ခေါ်တဲ့ အဆိုပါ Feature မှာ ဟင်းချက်နည်း ebook များ၊ ဂိမ်းလမ်းညွှန်များ၊ Digital Wallpaper တို့လိုမျိုး Creator များရဲ့ Digital Product များကို ရောင်းချနိုင်မှာဖြစ်ပါတယ်။

Discord က Beta မှာ လက်ရှိစမ်းသပ်နေဆဲ့ဖြစ်တဲ့ Medis Channels

Discord က ဇူလိုင်လ မှာ အဆိုပါ Feature ကို စတင်စမ်းသပ်မှာဖြစ်ပြီး လက်ရှိစမ်းသပ်နေဆဲဖြစ်တဲ့ Server Shop မှာ အဆိုပါ Downloadable များကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Feature အသစ် “Downloadables” နဲ့ Server Shop တို့မှာ Digital Product များကို ရောင်းချနိုင်ရန် Creature များက ၎င်းတို့ရဲ့ Server များကို Monetization Plan အတွက် Discord Server မှာစရင်းသွင်းရမှာဖြစ်ပါတယ်။ နောက်ပြီး Discord က လက်ရှိ Beta မှာ စမ်းသပ်နေဆဲဖြစ်တဲ့ Media Channels လို့ခေါ်သော Channel အမျိုးအစားအသစ်တစ်ခုကိုလဲ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ အဆိုပါ Channel များက ဗီဒီယိုများ၊ ဓာတ်ပုံများနဲ့ ဖိုင်များကို မျှဝေမို့ အတွက် ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရှိရပါတယ်။

Exit mobile version