Microsoft Edge မှာ Dall-E AI ကို ထည့်ပေးလိုက်ပြီ

ဟုတ်ပါတယ် စာနဲ့ရေးပြီး ပုံဆွဲခိုင်းလို့ရတဲ့ Dall-E AI ကို Microsoft Edge မှာ ထည့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုဆိုရင် Microsoft Edge မှာ Microsoft ရဲ့ Bing AI ရော Dall-E AI ရော နှစ်မျိုးလုံးကို လူတိုင်း အခမဲ့အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ပုံတွေကိုဆွဲပေးတဲ့ AI တွေထဲမှာ နာမည်ကြီးတာတော့ Midjourney AI နဲ့ Dall-E AI တို့ ရှိကြပြီး Midjourney AI ကိုတော့ အသုံးပြုသူ ပိုများတာ တွေ့ရပါတယ်။ ဒါပေမယ့် Midjourney AI ကို အကန့်အသတ်မရှိ သုံးချင်ရင်တော့ လစဥ်ကြေးပေးရပါမယ်။ Dall-E AI ကတော့ အခမဲ့ စိတ်ကြိုက်သုံးလို့ ရပါတယ်။

Dall-E AI in Microsoft Edge

Dall-E AI ကို Microsoft Edge ထဲမှာ ဒီတိုင်းရှာတွေ့မှာတော့ မဟုတ်ပါဘူး။ Microsoft Edge Browser ရဲ့ Side-bar (ခေါ်) ညာဘက်ခြမ်းမှာရှိတဲ့ Bar တန်းလေးမှာ ( + ) ကိုနှိပ်ပြီး Image Creator ဆိုတာကို Add လုပ်ပေးရမှာ ဖြစ်ပါတယ်။ Dall-E AI နဲ့အတူ Browser essentials လို့ ခေါ်တဲ့ malware ကို scan လုပ်ပေးနိုင်တဲ့ Tools ကိုလည်း Microsoft က ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Microsoft ရဲ့ Edge Browser မှာ Microsoft ရဲ့ AI တွေအားလုံးကို အသုံးပြုနိုင်ပြီဆိုတော့ Microsoft ရဲ့ ရည်ရွယ်ချက် အောင်မြင်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Exit mobile version