Customers များရဲ့ Data တွေ ခိုးခံလိုက်ရကြောင်း LastPass Company မှ အတည်ပြုပြောဆို

Customers များရဲ့ Data တွေ ခိုးခံလိုက်ရကြောင်း LastPass Company မှ အတည်ပြုပြောဆို 1

Customers များရဲ့ Data တွေကို ဩဂုတ်လမှာ hacker များ၏ ခိုးယူခြင်း ခံလိုက်ရကြောင်း LastPass ကုမ္ပဏီမှ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် အသိပေးပြောကြားခဲ့ပါတယ်။ CEO Karim Toubba ပြောပြချက်အရ hacker များဟာ ကုမ္ပဏီဝန်ထမ်းရဲ့ cloud storage မှတစ်ဆင့် ခိုးယူခဲ့ကြောင်း သိရပါတယ်။

ခိုးယူခြင်းခံလိုက်ရတဲ့အထဲမှာ unencrypted data ရော encrypted data ရောပါတယ်လို့ သိရပါတယ်။ ထူးစမ်းတာကတော့ LastPass ရဲ့ customer password တွေဟာ encrypted လုပ်ထားတာဖြစ်ပြီး Customers တွေသာသိတဲ့ master password ပါမှသာ unlock လုပ်လို့ရမှာ ဖြစ်သော်လည်း Company ကတော့ master password တွေကို သိဖို့အတွက် hacker များမှ ကြိုးစားလာနိုင်ကြောင်း အသိပေးပြောကြားထားပါတယ်။

CEO ရဲ့ ပြောပြချက်အရ hacker တွေမှာ Customers များရဲ့ Data တွေဖြစ်တဲ့ names, email addresses, phone numbers နဲ့ အချို့သော billing informations များ ပါသွားပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် သင်ဟာ LastPass ကိုအသုံးပြုနေတဲ့ Customer တစ်ယောက်ဖြစ်တယ်ဆိုရင် သင့်ရဲ့ master password ကို အမြန်ဆုံး သွားပြောင်းဖို့ အကြံပေးလိုပါတယ်။ ဒီထပ်ပိုပြီး လုံခြုံချင်ရင်တော့ Tow-Factor-Authentication ခံထားလိုက်ပါ။

Exit mobile version