CRKD က Nitro Deck ရဲ့ ပုံစံအသစ် Neo S Controller အသစ်ပုံစံ ၉ မျိုးကို ပြသခဲ့

Nintendo Switch အတွက် Nitro Deck Controller များထုတ်လုပ်ပေးနေတဲ့ CRKD Company က အရင် NES controller ပုံစံနဲ့ ဆင်တူတဲ့ Neo S Gamepad အသစ်ကို 2024 ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ Wireless Neo S က Nintendo Switch မှာသာမက PC, Mobile Device များ နဲ့ Smart TV တို့မှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

CRKD က Nitro Deck ရဲ့ ပုံစံအသစ် Neo S Controller အသစ်ပုံစံ ၉ မျိုးကို ပြသခဲ့

Neo S ရဲ့ ပုံစံက အရင်ခေတ် Retro Controller Design ပုံစံထုတ်လုပ်ထားတာဖြစ်ပြီး အရင်ခေတ်ဂိမ်းစက်များကို ပြန်လည်သတိရမိစေရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ Controller မှာပါဝင်တဲ့ ခလုတ်များကိုလဲ မိမိစိတ်ကြိုက်အရောင် ဖြုတ်တပ်လို့ရအောင် ပြုလုပ်ပေးထားတယ်လို့ သိရှိရပါတယ်။ တစ်ခုကို ဒေါ်လာ ၅၀ နဲ့ ရရှိနိုင်မယ့် Neo S ကို CRKD က ဂိမ်းဆော့ရုံအတွက်သာမက ဂိမ်းခလုတ်စုဆောင်းမှုတစ်ခု အဖြစ်ပါဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ဧပြီလမှာ စတင်ရောင်းချမှာ ဖြစ်ပြီး ပထမ အသုတ်အနေနဲ့ Design 9 မျိုးရရှိမှာ ဖြစ်ပါတယ်။ ခုချိန်ကတည်း က CRKD ဝဘ်ဆိုဒ်မှာ ကြိုတင်မှာယူလို့ ရနိုင်ပါပြီး ဖြစ်ပါတယ်။

Exit mobile version