Copilot ဟာ သင့် PC ကို ထိခိုက်မှု မရှိစေပဲ One Drive Files များကို ဖတ်နိုင်ပြီ

Microsoft ဟာ OneDrive ကို ၂၀၂၃ ခုနှစ် မေလမှစလို့ Copilot နဲ့ အဆင့်မြှင့်တင်ပေးခဲ့ပြီး အခုမှာတော့ Feature အသစ်တစ်ခုကို ထပ်မံထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

Microsoft ထည့်သွင်းပေးလိုက်တဲ့ Feature အရ OneDrive မှာ အသုံးပြုနိုင်တဲ့ Files များကို Microsoft Cloud မှာ Upload တင်ထားမယ်ဆိုရင် ၎င်း Files များနဲ့ ပတ်သက်တဲ့ အချက်အလက်များကို Copilot အား မေးမြန်းရာမှာ သင့် PC ကို ထိခိုက်မှုမရှိစေပဲ အလုပ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေစာအုပ် PDF Files ကို Microsoft Cloud ထဲမှာ Upload တင်ထားကာ ၎င်းစာအုပ်ထဲမှာရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Copilot ကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြစ် အပေါ်က ပြောပြခဲ့တဲ့ ဥပမာ လိုမျိုးကို AI Chatbot တွေမှာ ပြုလုပ်နိုင်သော်လည်း PDF Files တစ်ခုလုံးကို AI က လေ့လာတဲ့ အချိန်ကို စောင့်နေရမှာ ဖြစ်ပါတယ်။ စမ်းသပ်ထားသူများရဲ့ ပြောပြမှုအရ စာမျက်နှာပေါင်း (၁၁၃) မျက်နှာ ပါဝင်တဲ့ PDF Files အား GeForce RTX 4090 GPU ပါဝင်တဲ့ 14th-gen Core HX Laptop အသုံးပြုကာ AI ကို လေ့လာခိုင်းရာမှာ အချိန် (၂) နာရီလောက် ကြာမြင့်ကြောင်း သိရပါတယ်။ ဒါဟာ PC ကို များစွာ ထိခိုက်စေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

Microsoft က အဲဒီ ပြဿနာကို ဖြေရှင်းပေးလိုက်တာ ဖြစ်ပါတယ်။ သို့ပေမယ့် အချက်အလက်တွေ အားလုံး Microsoft Cloud ထဲ ရောက်သွားမှာ ဖြစ်တာကြောင့် အရေးကြီးတဲ့ အကြောင်းအရာတွေကို အခုလို နည်းလမ်းမျိုးနဲ့ အဖြေရှာတာဟာ အန္တာရယ်များတဲ့ ကိစ္စတစ်ခုဖြစ်လို့ သတိချက် စေလိုပါတယ်။ Microsoft ရဲ့ OneDrive မှာ အသုံးပြုနိုင်တဲ့ Files အမျိုးအစားတွေကတော့ DOC ၊ DOCX ၊ FLUID ၊ LOOP ၊ PPT ၊ PPTX ၊ XLSX ၊ PDF ၊ ODT ၊ ODP ၊ RTF ၊ ASPX ၊ RTF ၊ TXT ၊ HTM နှင့် HTML တို့ ဖြစ်ကြပြီး Microsoft 365 Copilot License ဝယ်ယူထားသူများသာ အခုပြောပြခဲ့တဲ့ Feature ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version