Myanmar End User
  • Home
  • News
  • Howto
  • Graphic Design
    • All
    • Illustrator
    • Photoshop
    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    ဒီဇိုင်း

    ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

    DALL-E 2 AI

    DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service
No Result
View All Result

CES 2024 ပွဲမှာ မိတ်ဆက်ပေးသွားတဲ့ အလန်းဆုံး AI Products များ

Wai Htun by Wai Htun
January 11, 2024
in News
Reading Time: 3 mins read
0
0
SHARES
29
VIEWS
Share on FacebookShare on TwitterShare on Telegram
ADVERTISEMENT

CES 2024 ပွဲဟာ AI ပွဲလို့ ဆိုရလောက်အောင် ဘယ်နေရာ ကြည့်ကြည့် AI ထုတ်ကုန်အသစ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အဲလိုမျိုး AI ထုတ်ကုန်အသစ်များစွာထဲကမှ အလန်းဆုံး AI ထုတ်ကုန်များကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Rabbit R1

Rabbit R1 ကတော့ Rabbit ကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ AI နည်းပညာသုံး Human Assistant တစ်ခု ဖြစ်ပါတယ်။ Rabbit ကတော့ R1 ကို ဖုန်းတွေနေရာမှာ အစားထိုးမယ့် AI Device တစ်ခုအဖြစ် တင်စားထားပါတယ်။ R1 မှာ Camera နဲ့ Speacker တွေပါဝင်မှာ ဖြစ်ပြီး Software တစ်ခုမှ သွင်းစရာမလိုပဲ အသုံးပြုသူရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

Samsung ရဲ့ Baillie AI စက်ရုပ်

Samsung ရဲ့ Baillie ဟာ Home Assistant စက်ရုပ် ဖြစ်ပါတယ်။ Robot Pet လို့လည်း တင်စားခေါ်ဝေါ်ထားပါတယ်။ Baillie ဟာ အိမ်ကို ဝိုင်းကူစောင့်ပေးနိုင်ရုံမကပဲ သူ့မှာပါတဲ့ Projector နဲ့ အသုံးပြုသူ လိုအပ်တဲ့ အရာတွေကို ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Baillie ဟာ AI နဲ့ အလုပ်လုပ်တာကြောင့် အိမ်ထဲမှာရှိတဲ့ အရာတွေအားလုံးကို သိနိုင်စွမ်းရှိပြီး တစ်ခုခုမှားယွင်းနေပါက အသုံးပြုသူကို အချက်ပေးနိုင်အုံးမှာ ဖြစ်ပါတယ်။

Asus ROG Phone 8 Pro

Asus က အသစ်မိတ်ဆက်ပေးလိုက်တဲ့ ROG Gaming Phone 8 Pro ဟာလည်း AI Power ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ROG Phone 8 Pro ဟာ Qualcomm ရဲ့ Snapdragon 8 Gen 3 Processor နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး Launcher ထဲမှာ အသုံးပြုနိုင်မယ့် Semantic Search ၊ Photo Gallery အစရှိတဲ့ Features အသစ်များကိုလည်း ထည့်သွင်းပေးထားပါတယ်။

ROG Phone 8 Pro မှာ ပြောင်းလဲမှုများစွာရှိပေမယ့် အဓိကကတော့ AI နဲ့ ထိန်းညှိပေးမယ့် Video Call နဲ့ Phone Call တို့အတွက် Noise-Canceling Feature ၊ လိုသလို ပြုပြင်နိုင်တဲ့ AI Generated Wallpaper တို့ ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။

Samsung ရဲ့ QLED 8K TV

Samsung ဟာ အခုနောက်ပိုင်း Smart TV တွေကို ထုတ်လုပ်တာ အခြားကုမ္ပဏီတွေထက် များလာတာတွေ့ရပြီး CES 2024 ပွဲမှာလည်း OLED နဲ့ QLED TV (၂)မျိုးကို မိတ်ဆက်ပေးသွားပါတယ်။ Samsung ရဲ့ QN900D 8K QLED TV ဟာ AI နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး နာမည်အတိုင်း 8K Resolution ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ADVERTISEMENT

Samsung ရဲ့ ပြောပြထားမှုအရ QN900D 8K QLED TV မှာ အသုံးပြုထားတဲ့ AI ကြောင့် အခြားသာမန် TV တွေထက် ရုပ်ထွက် Quality ပိုကောင်းမယ့်အပြင် Quality မကောင်းတဲ့ ရုပ်ပုံများကို ကြည့်နေရင်တောင်မှ Original Quality ထက်ပိုကောင်းတဲ့ ရုပ်ထွက်ကို AI က ပြုပြင်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ChatGPT ပါဝင်လာမယ့် Volkswagen ရဲ့ ID 7 EV ကား

Volkswagen ရဲ့ EV ကားဖြစ်တဲ့ ID 7 မှာ ChatGPT ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ကာ အခြား EVကားတွေဖြစ်တဲ့ ID 3 ၊ ID 4 နဲ့ ID 5 တို့မှာလည်း ထည့်သွင်းပေးသွားဖို့ ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် EV ကားတွေမဟုတ်တဲ့ Tiguan ၊ Passat နဲ့ Golf တို့မှာလည်း ChatGPT ကို မကြာမီ ထည့်သွင်းပေးတော့မှာ ဖြစ်ကြောင်းလည်း Volkswagen က ကြေငြာသွားပါတယ်။

LG ရဲ့ G4 နှင့် M4 OLED TV

LG ရဲ့ G4 နဲ့ M4 TV တို့မှာလည်း AI Power ပါဝင်လာခဲ့ပြီး Alpha 11 Processor ကို အသုံးပြုထားကြောင်း သိရပါတယ်။ LG ရဲ့ TV မှာ ပါဝင်လာတဲ့ AI ကတော့ ရုပ်ထွက် ကြည်လင်မှု၊ အရောင်နဲ့ Sharpness တို့ကို ပိုမိုကောင်းမွန်လာအောင် အဆင့်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Microsoft ရဲ့ Copilot Key ပါဝင်လာမယ့် Dell ရဲ့ XPS Laptops များ

Dell ဟာလည်း CES 2024 ပွဲမှာ XPS Laptops များ ဖြစ်ကြတဲ့ XPS 13 Plus ၊ XPS 14 နှင့် XPS 15 တို့ကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ၎င်း Laptops များမှာ Microsoft ရဲ့ Copilot AI အတွက် သီးသန့် Key ကို Keyboard မှာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် Microsoft မှ ထုတ်လုပ်သွားမယ့် နောက်ထပ် Laptops အသစ်များမှာလည်း Copilot Key ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

Seer Grils ရဲ့ AI အကင်စက်

Seer Grils မှ မိတ်ဆက်ပေးလိုက်တဲ့ Perfecta Grill အကင်စက်ဟာလည်း AI နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ အကင်စက်မှာ AI ကို ထည့်သွင်းပေးလိုက်တာကြောင့် အမဲသားလိုမျိုး အချိန်ကို ဂရုစိုက်ရတဲ့ စားစရာများကို ကင်တဲ့အခါမျိုးမှာ ထိုင်ကြည့်နေစရာ မလိုတော့ပဲ AI က အရာအားလုံးကို လိုသလို ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။

Oclean US ရဲ့ AI သွားပွတ်တံ

Oclean US ကလည်း AI နဲ့ ပြုလုပ်ထားတဲ့ သွားပွတ်တံ The Oclean X Ultra ကို မိတ်ဆက်ပေးသွားပါတယ်။ The Oclean X Ultra ရဲ့ အားသာချက်ကတော့ အသုံးပြုသူရဲ့ သွားတိုက်တဲ့ အခြေအနေကို ဖော်ပြပေးနိုင်မှာ ဖြစ်သလို အသုံးပြုသူရဲ့ သွားများရဲ့ ကျန်းမာရေးကိုလည်း ဖော်ပြပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

အခုပြောပြသွားခဲ့တာကတော့ CES 2024 ပွဲမှာ မိတ်ဆက်ပေးသွားတဲ့ AI ထုတ်ကုန်များအကြောင်းပဲ ဖြစ်ပါတယ်။ AI ဟာ 2022 ခုနှစ်မှစလို့ တဖြည်းဖြည်း တိုးတက်လာတာ ယခုဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဥ်သုံး အသုံးအဆောင်များအပြင် ကျန်းမာရေးနယ်ပယ်တွေအထိ အသုံးဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

Source: CNET
Tags: 2024 CESAICESCES 2024news
Wai Htun

Wai Htun

Was Tun is a rising junior content writer who keeps readers informed on the latest tech news.

Related Posts

သီချင်းနားထောင်ရင်း AI က စကားတွေလာပြောတော့မယ့် YouTube Music ရဲ့ Feature အသစ်
News

သီချင်းနားထောင်ရင်း AI က စကားတွေလာပြောတော့မယ့် YouTube Music ရဲ့ Feature အသစ်

September 28, 2025
သမရိုးကျ Trading ပုံစံတွေကို ပြောင်းလဲနိုင်မယ့် Nansen AI အသစ်
News

သမရိုးကျ Trading ပုံစံတွေကို ပြောင်းလဲနိုင်မယ့် Nansen AI အသစ်

September 25, 2025
macOS Tahoe 26.1 Beta အသစ်ထွက်ပြီ
News

macOS Tahoe 26.1 Beta အသစ်ထွက်ပြီ

September 23, 2025
ကိုယ်ဖန်တီးထားတဲ့ Gemini AI Chat တွေကို တခြားသူတွေနဲ့ Share လို့ရပြီ
News

ကိုယ်ဖန်တီးထားတဲ့ Gemini AI Chat တွေကို တခြားသူတွေနဲ့ Share လို့ရပြီ

September 21, 2025
AI app တွေအချင်းချင်း ငွေပေးချေနိုင်ပြီ၊ Google က အနာဂတ်အတွက် Payment Protocol အသစ်ကို မိတ်ဆက်
News

AI app တွေအချင်းချင်း ငွေပေးချေနိုင်ပြီ၊ Google က အနာဂတ်အတွက် Payment Protocol အသစ်ကို မိတ်ဆက်

September 17, 2025
မကြာခင် Official ရောက်ရှိလာတော့မှာ ဖြစ်တဲ့ iOS 26 Update
News

မကြာခင် Official ရောက်ရှိလာတော့မှာ ဖြစ်တဲ့ iOS 26 Update

September 15, 2025
Next Post
Instagram ရဲ့ Co-founders များဟာ Artifact သတင်း App ကို ဖျက်သိမ်းတော့မည်

Instagram ရဲ့ Co-founders များဟာ Artifact သတင်း App ကို ဖျက်သိမ်းတော့မည်

Discussion about this post

  • About Us
  • Privacy Policy
  • Data Deletion Request
  • About Us
  • Privacy Policy
  • Data Deletion Request

© 2023 Myanmarenduser.com

Welcome Back!

Sign In with Facebook
Sign In with Google
OR

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • Home
  • News
  • Howto
  • Graphic Design
    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service

© 2023 Myanmarenduser.com

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.