AI ခေတ်ထဲမှာ comics တွေအလွယ်တကူ ဖန်တီးဖို့အတွက် အကောင်းဆုံး Tools တွေကို ဖော်ပြလိုက်ပါတယ်။ Comics တွေက လူငယ်တွေကြိုက်ကြပြီး စိတ်ဝင်စားမှု အများဆုံးဖြစ်ပါတယ်။ ဥပမာ Marvel, DC comics တွေက လူငယ်တွေကြားမှာ ရေပန်းအစားဆုံးဖြစ်ပြီး အောင်မြင်မှုကို နှစ်နှင့်ချီထိန်းထားနိုင်တဲ့ comics တွေဖြစ်ပါတယ်။ သင့်အနေနှင့် အပျော်တမ်း comics တွေကို ဖန်တီးချင်တာဖြစ်ဖြစ်၊ အခြားအကြောင်းအရာအတွက် ဖန်တီးချင်တာဖြစ်ဖြစ် အခုပြောပြမယ့် Tools တွေကို အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။
၁။ Mage.Space


Mage.Space က AI နဲ့ဖန်တီးထားတဲ့ပုံတွေကို Prompt ရိုက်ထည့်ရုံနှင့် ဖန်တီးပေးနိုင်ပါတယ်။ သူ့မှာ model ပေါင်း ၁၆၀ ကျော်အမျိုးအစားရှိပြီး comics တွေကို အလွယ်တကူဖန်တီးပေးနိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ Tool မဟုတ်ပေမယ့် ရုပ်ပုံတွေကိုတော့ ကြည်ကြည်လင်လင် ထုတ်ပေးနိုင်ပါတယ်။ သင့်အနေနှင့် အလွယ်တကူဖန်တီးနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။
၂။ Fantoons


Fantoons က AI နည်းပညာနှင့် ပုံတွေကို ထုတ်ပေးနိုင်ပြီး သင့်အနေနှင့် customize လုပ်နိုင်ပါတယ်။ နာမည်ကြီးဇာတ်ကောင်တွေ၊ character, style နှင့် universe ပုံရိပ်တွေကို generate လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်အနေနှင့် စိတ်ကြိုက် character တွေကိုပေါင်းစပ်ပြီး ဇာတ်ကောင်တွေကို ဖန််တီးနိုင်ပါတယ်။
၃။ Storywizard.ai


Storywizard က အိမ်ကကလေးငယ်တွေအတွက် အထူးသင့်လျော်ပြီး သင့်အနေနှင့် အိပ်ရာဝင်ပုံပြင်တွေကို ဖန်တီးနိုင်ပါတယ်။ AI ရဲ့ အကူအညီနှင့် ကောင်းမွန်တဲ့ပုံပြင်တွေကို ဖန်တီးပေးနိုင်တာကြောင့် မိဘတွေအတွက်လည်း အသုံးတည့်တဲ့ Tool တစ်ခုဖြစ်ပါတယ်။
၄။ AI Comic Factory

အသုံးပြုရတာ အရမ်းလွယ်ကူပြီး သူ့မှာပါဝင်တဲ့ Style မျိုးစုံနှင့် comics တွေကိုဖန်တီးနိုင်ပါတယ်။ ပါဝင်တဲ့ styles တွေကတော့ Japenese, America (modern), Franco-Belgian, Nihonga, 3D Render နှင့် Egyptian style တွေပဲဖြစ်ပါတယ်။ Caption တွေကိုလည်း စိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်ပြီး ဆွဲထားတာတွေကိုလည်း မကြိုက်ရင် ပြန်လည်ပြင်ဆင်နိုင်ပါတယ်။
Discussion about this post