ChatGPT ကို အသုံးပြုပြီး သတင်းတုဖန်တီးသူကို တရုတ်အစိုးရမှ အရေးယူ

တရုတ်နိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ ChatGPT ကို အသုံးပြုပြီး သတင်းတုဖန်တီးခဲ့တာကြောင့် တရုတ်အစိုးရအနေနဲ့ အရေးယူမှုပြုလုပ်ခဲ့ပါတယ်။ ရထား မတော်တဆဖြစ်မှု အကြောင်းကို ပုံတွေ၊ စာတွေနဲ့ ရေးသားဖန်တီးထားတဲ့ သတင်းတုတစ်ပုဒ်ဖြစ်ပြီး သူရေးတဲ့ သတင်းကို လူကြည့်များစေချင်တဲ့ ဆန္ဒနဲ့ ရေးသားခဲ့တယ်လို့ သိရပါတယ်။

တရုတ် အင်တာနက်တစ်ခွင်မှာ အဆိုပါ သတင်းတုဟာ ပျံ့နှံ့သွားပြီး ဘေဂျင်း AI နည်းပညာစောင့်ကြည့်မှုကြောင့် သတင်းတုမှန်းသိပြီး ရေးသားဖန်တီးသူကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ChatGPT ကို အသုံးပြုခွင့် ပိတ်ပင်ထားပေမယ့် အဆိုပါ သတင်းတုရေးသားသူ အမျိုးသားဟာ VPN သုံးကာ ChatGPT ကို အသုံးပြုနေတာ ဖြစ်ပါတယ်။

နိုင်ငံတစ်ကာက မတော်တဆမှု သတင်းစာသားတွေကိုယူပြီး ChatGPT ကို ပြန်လည်ရေးသားခိုင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သတင်းတုဖန်တီးမှုရယ်၊ အစိုးရက ပိတ်ပင်တားမြစ်ထားတဲ့ Program တွေကို VPN သုံးပြီး Access လုပ်တာကြောင့် အမှုဘယ်နှစ်ခုနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

Exit mobile version