ChatGPT က Custom Instructions Feature ကို Free အသုံးပြုခွင့်ပေး

အရင်က ChatGPT Plus မှာသာ အသုံးပြုခွင့်ပေးထားတဲ့ Custom Instructions Feature ကို အားလုံးအသုံးပြုခွင့် ပေးလိုက်ကြောင်း ChatGPT က ကြေငြာလိုက်တာ ဖြစ်ပါတယ်။

Custom Instructions Feature ဟာ အသုံးပြူသူများကို အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ အသုံးပြုသူများဟာ ၎င်း Feature ကို သုံးကာ ထပ်ခါ ထပ်ခါရိုက်ရမယ့် အကြောင်းအရာတွေကို Chatbot သိအောင် တစ်ခါတည်း အသိပေးကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- Grade-(3) နဲ့ ပတ်သက်ပြီး စာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးဟာ ကလေးတွေကို စာသင်ကြားတဲ့ ပုံစံအကြောင်း မေးမြန်းရာမှာ Grade-(3) နဲ့ ညီမျှတဲ့ အကြောင်းအရာတွေသာ ထွက်ပေါ်လာအောင် Chatbot ကို တစ်ခါတည်း အသိပေးထားတဲ့ သဘောမျိုးဖြစ်ပါတယ်။

Developer တွေအတွက်ဆိုရင် အသုံးပြုချင်တဲ့ ဘာသာစကားတစ်ခုကို Chatbot သိအောင် တစ်ကြိမ်ထည့်သွင်းပေးထားရုံနဲ့ အဆင်ပြေစေမှာ ဖြစ်တာကြောင့် အရမ်းကို အသုံးဝင်တဲ့ Feature ဖြစ်ပါတယ်။ “နိုင်ငံပေါင်း (၂၂) နိုင်ငံက အသုံးပြုသူများနဲ့ စကားပြောဆိုပြီးနောက် အသုံးပြုသူတစ်ဦးချင်းရဲ့ သီးသန့်လိုအပ်ချက်များနဲ့ မတူကွဲပြားတဲ့ အကြောင်းအရာများဟာ ကျွန်တော်တို့ Model အတွက် ထိရောက်ပြီး မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားပါပြီ” လို့ ChatGPT က ပြောပါတယ်။

ChatGPT ရဲ့ Custom Instructions Feature ကို iOS နဲ့ Android Apps တွေမှာပါ လူတိုင်း Free အသုံးပြုနိုင်ပြီဖြစ်သော်လည်း ၎င်း Feature ကို အသုံးပြုနေချိန်မှာတော့ Chat History က ပိတ်နေမှာ ဖြစ်ကြောင်း ChatGPT က အသိပေး ထားပါတယ်။ Custom Instructions Feature ကို ဖွင့်ချင်ရင် သင့်ရဲ့ နာမည်ကို နှိပ်လိုက်ပါ၊ Custom Instructions ဆိုတာကို မြင်ရပါလိမ့်မယ်၊ ၎င်းကို နှိပ်လိုက်တာနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Exit mobile version