OpenAI ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Google Chrome နဲ့ အပြိုင်ဖြစ်မယ့် AI Browser Atlas ကို စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။
Altman ရဲ့ ပြောပြမှုအရ Atlas Browser ဟာ သမာရိုးကျ အသုံးပြုနေတဲ့ Browser တွေရဲ့ အသက်ဖြစ်တဲ့ Search Bar နေရာမှာ AI Chatbot ကို အစားထိုးထားတာ ဖြစ်ကြောင်း သိရပြီး အသုံးပြုနေတဲ့ Page ကနေ ထွက်စရာမလိုပဲ ၊ Copy ၊ Paste လုပ်စရာမလိုပဲ Tasks တွေကို ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အသုံးပြုသူရဲ့ Browser History အပေါ်အခြေခံပြီး အသုံးပြုသူ ကိုယ်စား Internet ကို အသုံးပြု ပေးနိုင်အုံးမှာ ဖြစ်ကြောင်းလဲ သိရပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပြီး OpenAI ဘက်က အချက်အလက် လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ကာကွယ်မှု ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Browser လောကကို ၂၀၀၈ ခုနှစ်တုန်းက စတင်မိတ်ဆက်ခဲ့တဲ့ Google Chrome က ကြီးစိုးထားပြီး ၎င်းရဲ့အနောက်မှာ Microsoft ရဲ့ Internet Explorer နဲ့ Edge Browsers တို့ ရှိနေပြီး သူတို့ အားလုံးမှာလည်း ကိုယ်ပိုင် AI စနစ်တွေ ထည့်သွင်းပေးထားတာကြောင့် Atlas အတွက် လွယ်ကူတဲ့ ယှဥ်ပြိုင်မှု တစ်ခုတော့ မဟုတ်ပါဘူး။ ဒါ့အပြင် AI က ရှာဖွေပေးတဲ့ အချက်အလက်တွေဟာ ဘယ်လောက်အထိ တိကျမှန်ကန်မှု ရှိမလဲ၊ ဘယ်လောက်အထိ ယုံကြည် ရနိုင်မလဲ ဆိုတာဟာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။ လက်ရှိမှာ Atlas Browser ကို Apple ရဲ့ Mac Computer တွေ အတွက်ပဲ စတင်ထုတ်ပေးထားတာ ဖြစ်ပါတယ်။













Discussion about this post