ChatGPT App မှာ Web တွေကို Browsing လုပ်နိုင်တော့မည်

OpenAI ကထုတ်လုပ်ထားတဲ့ iOS နဲ့ Android ဖုန်းတွေအတွက် ChatGPT App မှာ Browsing လုပ်နိုင်တဲ့ စနစ်ကို လာမယ့်အပတ်ထဲ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

OpenAI ရဲ့ ပြောပြမှုအရ ChatGPT Plus ကို ဝယ်ယူအသုံးပြုနေတဲ့ Premium User တွေအနေနဲ့ iOS နဲ့ Android App မှာ Browsing ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Browsing ကို အလုပ်လုပ်မယ့် ပုံကတော့ Microsoft ရဲ့ Bing AI အကူအညီနဲ့ ဖြစ်မယ်လို့ သိရပါတယ်။ ChatGPT App ရဲ့ Setting ထဲမှာ Browsing ဆိုတဲ့ Feature အသစ်တစ်ခု တိုးလာမှာ ဖြစ်ပြီး Browsing အသုံးပြုချင်သူများက ၎င်း Feature ကို သွားဖွင့်ပေးရမှာ ဖြစ်ပါတယ်။

Browsing ကို ထည့်သွင်းပေးလိုက်ခြင်းအားဖြင့် ChatGPT ဟာ မေးခွန်းတွေကို ပြန်ဖြေရာမှာ လက်ရှိအချိန်နဲ့ တပြေးညီဖြစ်တဲ့ အဖြေတွေကို ထုတ်ပေးနိုင်မှာ ဖြစ်ပြီး အသုံးပြုသူက Browsing ကို ပိတ်ထားရင်တော့ ChatGPT ဟာ ၂၀၂၁ ခုနစ်နဲ့ တူညီတဲ့ အဖြေတွေကို ထုတ်ပေးနိုင်မယ်လို့ OpenAI က ပြောပါတယ်။ Microsoft နဲ့ OpenAI တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြသလို ဒီနှစ်ထဲမှာ AI ကို Browsing စနစ် ထည့်ပေးမှာဖြစ်ကြောင်း ကြေငြာထားတဲ့အတိုင်း အခုတော့ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။

Microsoft ဟာ OpenAI မှာ ChatGPT စတင်ဖန်တီးဖို့ $ 10 Billion အထိပါဝင်ထားပေမယ့် လက်ရှိအချိန်ထိတော့ Bing AI ဟာ ChatGPT အကူအညီမပါပဲ အလုပ်မလုပ်နိုင်သေးပါဘူး။ Microsoft ကလည်း Bing AI ရဲ့ Backend အပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသော်လည်း အခုအချိန်ထိ ထိန်းချုပ်လို့ မနိုင်သေးတာ တွေ့ရပါတယ်။ သို့ပေမယ့် အခုလို Browsing စနစ်အတွက်ကျတော့ Microsoft ဘက်က OpenAI ကို ပြန်လည်ကူညီပေးရတာ ဖြစ်လို့ ကုမ္ပဏီနှစ်ခုဟာ အပြန်အလှန် သဘောနဲ့ အလုပ်လုပ်နေတာ ဖြစ်တာကြောင့် နောက်ပိုင်းမှာ AI တွေကို ဘယ်လောက်ထိ အဆင့်မြှင့်တင်လာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Exit mobile version