Capture One ရဲ့ Photo-Editing App ကို iPhone မှာ အသုံးပြုလို့ ရတော့မည်

Capture One ရဲ့ နာမည်ကြီး Photo-Editing Application ကို ယခင်က Windows၊ Mac နဲ့ iPad တွေမှာသာအသုံးပြုလို့ ရပြီး မကြာမှီ iPhone မှာပါ အသုံးပြုလို့ ရတော့မှာဖြစ်ပါတယ်။ အဆိုပါ App က Canon၊ Sony၊ Nikon၊ Fujifilm၊ Leica နှင့် Sigma စတဲ့ Camera အမျိုးအစားတော်တော် များများနဲ့ ချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ပြီး မိမိ Camera နဲ့ တိုက်ရိုက်ချိတ်ဆက်ကာ ပုံများကို တိုက်ရိုက်ပြင်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Desktop ဒါမှမဟုတ် iPad တို့မှာပြင်ထားတဲ့ ပုံတွေကိုလဲ Cloud/AirDrop ကနေ မိမိရဲ့ iPhone သို့ အလွယ်တကူပို့လို့ရမှာဖြစ်ပါတယ်။

iPhone မှာ အသုံးပြုလို့ရတော့မှာဖြစ်တဲ့ Capture One ရဲ့ Photo-Editing App

Photographer များအတွက်တော့ အပြင်မှာရိုက်ကူးရေးပြုလုပ်နေစဉ် တစ်ခြားနေရာမှာရှိနေတဲ့ ၎င်းတို့ရဲ့ Photo Editor များဆီဓာတ်ပုံ File များကို Phone ထဲကနေတစ်ဆင့် အလွယ်တကူတိုက်ရိုက် ပေးပို့လို့ ရမှာဖြစ်တဲ့ အတွက် အရင်ကထပ်ပို ပြီးအချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ Capture One က RAW conversion နဲ့ Color processing များကိုပါ Support ပေးတဲ့ အပြင် တစ်ခြား Feature များပါ စုံစုံလင်လင် ပါရှိတဲ့ အတွက် နောက်ပိုင်းဆို Photographer တွေအတွက် မရှိမဖြစ်လို့အပ်တဲ့ App တစ်ခုဖြစ်လာမှာတော့ အသေချာပါပဲ။ Capture One Photo-Editing App ကို iPhone IOS Version အပြင် နောက်ပိုင်း Android Version အနေနဲ့ပါ ရောက်ရှိလာမယ် လို့မျှော်လင့်မိပါတယ်။

Exit mobile version