AI Assistant ပါဝင်လာတဲ့ Brave Browser

ခြင်္သေ့ခေါင်းပုံနဲ့ လူသိများတဲ့ Brave Browser မှာ Built-In AI Assistant ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ Open Source အနေနဲ့ အသုံးပြုနိုင်တဲ့ Brave Brower ရဲ့ AI Assistant ကို Microsoft နဲ့ Meta တို့မှ စီးပွားရေးနှင့် သုတေသနလုပ်ငန်းများအတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားတဲ့ Llama 2 Large Language Model နဲ့ ဖန်တီးထားကြောင်း သိရပါတယ်။

AI Assistant ပါဝင်လာတဲ့ Brave Browser ဟာ အခြားသော AI Chatbot တွေလိုမျိုး မေးမြန်းချင်တာတွေကို မေးမြန်နိုင်မှာ ဖြစ်ပါတယ်။ Brave မှာ AI ပါဝင်လာသော်လည်း လူတိုင်း Free အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Desktop နဲ့ အသုံးပြုသူများသာ Brave ရဲ့ AI ကို အသုံးပြုနိုင်အုံးမှာဖြစ်ပြီး Android နှင့် iOS တို့အတွက်လည်း အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

Brave ရဲ့ ထုတ်ပြန်ချက်အရ ၎င်းရဲ့ AI ကို အဆင့်မြှင့်ထားတဲ့ Leo Premium ကိုလည်း ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး တစ်လကို ၁၅ ဒေါ်လာ နဲ့ အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ Leo Premium မှာ ရရှိနိုင်မယ့် AI Assistant ဟာ Free အသုံးပြုနိုင်တဲ့ AI Assistant ထက်ပိုမိုအားကောင်းတာကြောင့် ပိုမိုတိကျပြီး မှန်ကန်တဲ့ အဖြေတွေကို ထုတ်ပေးနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

Exit mobile version