Blender Company မှာ ရင်းနှီးမြှုပ်နှံလိုက်တဲ့ Apple ရဲ့ Product Designer ဟောင်း Jony Ive

Apple Product တွေဖြစ်တဲ့ Macbook, iPhone တွေနှင့် Apple ရဲ့ စက်ဝိုင်းပုံ HQ ကို Design ဆွဲပေးခဲ့တဲ့ Jony Ive က လွန်ခဲ့တဲ့နှစ်အနည်းငယ်မှ Apple ကို စွန့်ခွာသွားပြီးကိုယ်တိုင် Company ကို စတင်ထူထောင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ Apple နှင့် Relationship မပြတ်သွားပဲ အကြံဉာဏ်တွေနှင့် အခြားအရာတွေကို ကူညီနေဆဲရှိတုန်းပါ။ ယခုအခါမှာတော့ Jony Ive ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတဲ့ Blender Company က ထွက်တဲ့ Curz လို့အမည်ရတဲ့ Blender လေးထွက်ရှိလာပါပြီ။ စိတ်ဝင်စားစရာကောင်းပြီး လူတိုင်းလိုအပ်တဲ့ Blender လေးတစ်ခုလည်းဖြစ်ပါတယ်။ စျေးနှုန်းအားဖြင့် ၁၂၉ ဒေါ်လာရှိပြီး USB-C နှင့်လာတာကြောင့် အားသွင်းရတာလည်း အဆင်ပြေပါတယ်။ ၃၂ အောင်စ ဝင်ဆံ့တဲ့ ပုလင်းလည်းပါတာကြောင့် ဘယ်နေရာမဆို သင်ကြိတ်ချင်တဲ့အသီးတွေကို အသင့်ဖျော်သောက်လို့ရပါတယ်။ အဓိက အဖုံးမှာ Blender ဓါးသွားပါပြီး ခလုတ်တစ်ခုပဲ ပါဝင်ပါတယ်။ အဖုံးနှင့်ကိုက်ညီတဲ့ မည်သည့်ပုလင်း၊ ဗူးမဆို အသီးတွေနှင့် အခြားကြိတ်ချင်တဲ့ အရာတွေအတွက်လည်း အသုံးတည့်ပါတယ်။

Cruz ရဲ့ Blender Cap

Cruz ရဲ့ နောက်ကွယ်မှာ Jony Ive အပါအဝင် Apple ရဲ့ အခြားအင်ဂျင်နီယာတွေဖြစ်တဲ့ Matthew Moore နှင့် Dakota Adams တို့လည်း ပါဝင်ပါတယ်။ Apple ရဲ့ပထမဆုံး နာရီနှင့် iPhone အစိတ်အပိုင်းတွေကို ပြုလုပ်ပေးခဲ့တဲ့ အင်ဂျင်နီယာဟောင်းတွေဖြစ်ပါတယ်။ Jony Ive က Cruz ကို ဒီဇိုင်းဆွဲခဲ့တာမဟုတ်ပေမယ့် သူ့ရဲ့ Design Studio ဖြစ်တဲ့ LoveFrom ကတော့ အခြား Company ကြီးတွေရဲ့ ပရောဂျက်တွေကိုလုပ်ဆောင်နေပါတယ်။ ဒီပရောဂျက်တွေထဲမှာဆိုရင်တော့ Airbnb, Ferrari နှင့် ပရဟိတပရောဂျက်တွေလည်း ပါဝင်ပါတယ်။ သိပ်မကြာသေးမီကပဲ OpenAI နှင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီဆွေးနွေးမှုထဲမှာ AI နှင့် ပတ်သတ်ပြီး Product အသစ်တွေကို မိတ်ဆက်သွားဖို့ ရှိပါတယ်။

Exit mobile version