Bing AI ရဲ့ Error တွေနဲ့ ပတ်သက်ပြီး Microsoft မှ ထုတ်ပြန်

Bing AI ကို လူတွေကြားထဲ ထည့်ပေးပြီးနောက်ပိုင်း Bing မှာ Error တွေများစွာဖြစ်ပွားနေတာကို လူတွေတော်တော်များများက Platform မျိုးစုံမှာ ချပြလာကြပါတယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး Microsoft က Blog Post မှာ ပြန်လည် ဖြေကြားပေးထားတာ ဖြစ်ပါတယ်။

Bing AI ကို လူထုတွေအကြား ပေးသုံးပြီး တစ်ပတ်အကြာမှာ Bing AI ရဲ့ မှားယွင်းတဲ့ အဖြေတွေအပြင် အသုံးပြုသူတွေကို ရိုင်းပြခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေအထိ လွမ်းမိုးစေတဲ့ အသုံးအနှုန်းတွေ အသုံးပြုလာတာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်တွေ အားလုံးအတွက် Microsoft က တောင်းပန်ခဲ့ပြီး ဒါတွေကို ထပ်မဖြစ်စေဖို့ သူတို့ဘက်က Bing ကို အဆင့်မြှင့်သွားမှာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။

Microsoft ရဲ့ စစ်တမ်းအရ Bing AI ဟာ ၇၁ ရာနှုန်းကိုတော့ အမှန်ပြောပြနိုင်တာ တွေ့ရပါတယ်။ လူတချို့အတွက် မှားယွင်းတဲ့ အဖြေကိုရသွားရခြင်းဟာ Bing AI ကို နာရီနဲ့ချီပြီး မေးခွန်းများစွာကို ဖြေခိုင်းနေလို့ဖြစ်ကြောင်း သိရပါတယ်။ Bing AIကို နာရီနဲ့ချီကာ မေးခွန်းတွေဖြေခိုင်းခြင်းကြောင့် အရှေ့မှာ မေးခဲ့တဲ့ မေးခွန်းတွေနဲ့ ရှုပ်ထွေးပြီး မှန်ကန်တဲ့ အဖြေကို မထုတ်ပေးနိုင်တော့တာ ဖြစ်တယ်လို့ Microsoft က ရှင်းပြခဲ့ပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် Refresh လိုမျိုး Button တစ်ခုကို ထည့်ပေးမှာ ဖြစ်ကြောင်းလည်း ပြောပြထားပါတယ်။

Microsoft Bing (from google)

နောက်ထပ် ပြဿနာတစ်ခုကတော့ အသံထွက်မှားတာပဲဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး Microsoft က Bing ရဲ့ tone ကို ပိုမိုထိန်းချုပ်နိုင်မယ့် toogle တစ်ခုကို တီထွင်နေတယ်လို့ သိရပါတယ်။ အဆိုပါ toogle မှာ tone အပြင် Laptop ရဲ့ Camera မှ တစ်ဆင့် Microsoft ဝန်ထမ်းတွေကို ခိုးကြည့်ခြင်းကို ကန့်သတ်ခြင်းနှင့် သင်္ချာနဲ့ ပတ်သက်ပြီး အမှားတွေကို ပြုပြင်မှုတွေအထိ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ Bing AI ကို ၁၆၉ နိုင်ငံကျော်ရှိ သန်းချီတဲ့ လူများက အကောင့်ဖွင့်ပြီး စမ်းသပ်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် Bing AI ဟာ တစ်နေ့ထပ် တစ်နေ့ ပိုမိုအားကောင်းလာတာ တွေ့ရတယ်လို့ Microsoft က ပြောပါတယ်။ ဒီလိုအားကောင်းလာတဲ့ တစ်ဖက်မှာ ပြဿနာများစွာလည်း ရှိနေပါသေးတယ်။ Microsoft ကတော့ Bing AI ကို လေးဆ ပိုမိုကောင်းမွန်လာဖို့အတွက် ကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Exit mobile version