Google Bard ကို YouTube ပေါ်ရှိ ဟင်းချက်နည်း Video ပြကာ ဟင်းချက်နည်း အချက်အလက်များကို ပြောပြခိုင်းနိုင်ပြီ

Google ဟာ Bard ကို ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်လာတာ အခုဆိုရင် YouTube ပေါ်ရှိ Videos တွေကို သင့်အတွက် ကြည့်ပေးနိုင်ပြီ ဖြစ်ပါတယ်။

YouTube ပေါ်ရှိ Video တစ်ပုဒ်ရဲ့ Link ကို Bard Chatbot ထဲမှာ ထည့်ပြီး Enter နှိပ်လိုက်ရင် အပေါ်ကပုံထဲမှာ မြင်ရတဲ့အတိုင်း ၎င်း Video ရဲ့ အကြောင်းကို အနှစ်ချုပ်ကာ သင့်အားပြောပြပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာ အရမ်းကို အသုံးဝင်တဲ့ Features တစ်ခုဖြစ်ပြီး နေ့စဥ်လူနေမှုဘဝအတွက် ပိုမိုအထောက်အကူပြုနိုင်ပြီ ဖြစ်ပါတယ်။

ဆိုလိုတာက Bard ကို YouTube ပေါ်ရှိ ဟင်းချက်နည်း Video ကို ကြည့်ခိုင်းကာ ၎င်း Video ထဲရှိ ဟင်းချက်နည်း အသေးစိတ်ကို ပြောပြခိုင်းလို့ရပြီ ဖြစ်ပါတယ်။ အပေါ်က ပုံထဲမှာ မြင်ရတဲ့အတိုင်း James Hoffmann ရဲ့ “How i Make Espresso” ဆိုတဲ့ Video ကို Bard ကိုပြပြီး Video ထဲရှိ Espresso ပြုလုပ်ပုံ အဆင့်ဆင့်ကို ပြောပြခိုင်းနိုင်ပြီ ဖြစ်ပါတယ်။ သတိထားရမယ့် အချက်တစ်ခုက Bard Chatbot မှာ Video Link ထည့်သွင်းတဲ့အခါ “step by step instructions” ဆိုတဲ့ စာသားလေးပါဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ အခုမှ အစပဲ ရှိသေးတာကြောင့် အနည်းငယ် လွဲမှားမှုတွေတော့ ရှိနိုင်အုံးမှာ ဖြစ်ပါတယ်။

ဒီ Features အသစ်ကြောင့် YouTube ပေါ်ရှိ ဟင်းချက်နည်း (သို့မဟုတ်) အရာတစ်ခုခုကို ပြုလုပ်နည်း Video တစ်ပုဒ်ကို အစအဆုံး ထိုင်ကြည့်နေစရာမလိုတော့ပဲ Bard ကို ကြည့်ခိုင်းကာ အချက်အလက်များအား ပြောပြခိုင်းနိုင်ပြီ ဖြစ်တာကြောင့် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Google Bard ဟာ တစ်နေ့ထက်တစ်နေ့ လူသားတွေ အားလုံးအတွက် ပိုမိုအသုံးဝင်တဲ့ AI Tools တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

Exit mobile version