Social Platform တစ်ခုဖြစ်တဲ့ X က အသုံးပြုသူတွေအားလုံးကို ဖုန်းခေါ်ဆိုမှုတွေ Video calls တွေအသုံးပြုလို့ရအောင် feature ထည့်သွင်းပေးလိုက်ပါပြီ။ Premium user မဟုတ်တဲ့ သာမန်အသုံးပြုသူတွေလည်း ဒီ feature ကို ရရှိတော့မှာဖြစ်ပါတယ်။ Premium user တွေက post တွေကို edit လုပ်တာ Video အရှည်တွေကိုတင်တာ၊ စာသားတွေကို format ပြောင်းနိုင်တာတွေလုပ်နိုင်ပါတယ်။ ထို့အပြင် ကြော်ငြာအနည်းငယ်သာ မြင်ရတာမျိုး၊ ကိုယ့် post က လူအများဆီရောက်နိုင်တဲ့ အားသာချက်တွေရှိပါတယ်။
ယခု feature က premium user မဟုတ်တဲ့ သာမန်အသုံးပြုသူတွေလည်း ရရှိမှာဖြစ်ပါတယ်။ Whatsapp နှင့် Instagram တို့လို audio နှင့် video call တွေလို လူတိုင်းအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ feature ကို လူတိုင်းတော့ မနှစ်သက်ကြပါဘူး။ အကြောင်းရင်းကတော့ ကိုယ်နှင့်မသိတဲ့လူတွေလည်း တိုက်ရိုက်ခေါ်ဆိုမှုတွေလုပ်နိုင်တော့မှာ ဖြစ်တာကြောင့်ပါ။ သို့ပေမယ့်မသိတဲ့လူတွေကိုယ့်ကို မခေါ်နိုင်အောင် ပိတ်နိုင်တဲ့ settings ကို သိထားဖို့လိုပါတယ်။ လုပ်ဆောင်ရမယ့် steps တွေကတော့
- X app ကို ဖွင့်ပါ
- Profile picture ရဲ့ အပေါ်ကို နှိပ်ပါ
- Settings and Privacy ကို ရွေးပါ
- Privacy Safety Menu ကို နှိပ်ပါ
- Direct Message Option ကို ရွေးပါ
- Audio and Video calling option ကို အလိုရှိသလို ပြောင်းပါ
Discussion about this post