Artificial Intelligence (AI) အတွက် Copyright Law ချမှတ်ရန် ကြိုးပမ်းနေတဲ့ USCO

အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့်ရုံး (USCO) ဟာ မကြာသေးမှီကဘဲ AI အတွက် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ ချမှတ်မို့အတွက် ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။ အဆိုပါ ကြိုးပမ်းမှု ထဲမှာ မေးခွန်းမှတ်ချက် ၃ ချက်အနေနဲ့ မေးထားတာဖြစ်ပြီး ဖြေဆိုချင်သူများက ဩဂုတ်လ 30 ရက် ကနေ 2024 ဇန်နဝါရီလ 31 ရက် အထိ Online ဒါမှမဟုတ် Mail ကနေတစ်ဆင့် မှတ်ချက်များ ရေးပို့နိုင်ကြောင်း သိရှိရပါတယ်။

USCO ဖော်ပြထားတဲ့ မှတ်ချက် ၃ ခုမှာ- လေ့ကျင့်မှုမှာ AI မော်ဒယ်များက မူပိုင်ခွင့်ရထားသော အချက်အလက်များကို ဘယ်လိုအသုံးပြုသင့်လဲ၊ Human Author(လူသားစာရေးဆရာ) မရှိတဲ့ AI-generated Material(ဥပမာ- ကူးယူထားချင်းမရှိဘဲ Ai သီးသန့်အသုံးပြုထားတဲ့ ဆောင်းပါးများ) က Copyright Protection အတွက် အရည်အချင်းပြည့်မှီတယ်လို့ ယူဆသင့်ပါသလား၊ မူပိုင်ခွင့်ရထားသောပစ္စည်းများကိုဖန်တီးမို့အတွက် ဒါမှမဟုတ် ဖြန့်ဝေရန် AI ကိုအသုံးပြုသည့်အခါ မူပိုင်ခွင့်တာဝန်ကို မည်သို့ခွဲဝေသတ်မှတ်သင့်ပါလဲ၊ စတဲ့ မှတ်ချက်များကို ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

Artificial Intelligence (AI) အတွက် Copyright Law ချမှတ်ရန် ကြိုးပမ်းနေတဲ့ USCO

တစ်နေ့တစ်ခြား လျှင်မြန်စွာတိုးတက်ပြောင်းလဲလာတဲ့ AI အတွက် မူပိုင်ခွင့်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို အချိန်နဲ့တပြေးညီ ပြုလုပ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ USCO ကပြောကြားထားပါသေးတယ်။

ဂီတ နဲ့ အနုပညာနယ်ပယ်ကနေ သတင်းဆောင်းပါး၊ ကုဒ်များရေးတဲ့ အထိ အကြောင်းအရာမျိုးစုံကို ဖန်တီးမို့ အတွက် AI-powered tool များကို တစ်နေ့ထက်တစ်နေ့ အသုံးပြုမှုပိုမိုများပြားလာတာတွေ့ရှိရပါတယ်။ သင့်အနေနဲ့လဲ AI-generated Tool များနဲ့ ပြုလုပ်ထားတဲ့ Creation များကို Copyright ပေးသင့်မပေးသင့်ဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်။

Exit mobile version