AI ကို Artificial Intelligence လို့အားလုံးသိထားကြပေမယ့် Apple ကတော့ သူ့ရဲ့ AI ကို Apple Intelligence လို့ အမည်ပေးထားပါတယ်။ Apple Intelligence ကို ဒီလထဲမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ သတင်းတွေအရ Apple က OpenAI နှင့် ပူးပေါင်းထားပြီး ထွက်ရှိလာမယ်လို့လည်း အများက သုံးသပ်ထားပါတယ်။ Video နှင့် Image ပိုင်းတွေမှာ များများစားစားပါဝင်လာမှာ မဟုတ်ပဲ reply လုပ်တဲ့နေရာမျိုးနှင့် suggestions ပိုင်းတွေမှာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Siri ကို အခြား Apps တွေကို control လုပ်ခွင့်အများကြီး ပေးထားမယ်လို့လည်း သိရပါတယ်။ နည်းပညာကတော့ Apple ရဲ့ ကိုယ်ပိုင်နည်းပညာကို အသုံးပြုထားပြီး Tools အပိုင်းမှာတော့ OpenAI အပိုင်းကိုအသုံးပြုထားမယ်လို့ ထင်ကြေးပေးထားကြပါတယ်။
AI ကို အသုံးပြုတဲ့အခါမှာ နှစ်မျိုးရှိပါမယ်။ အသုံးပြုသူတွေအနေနှင့် သာမန်အသုံးပြုနေကျ အရာတွေကို Device အတွင်းက AI feature နှင့် Cloud ကို ချိတ်ဆက်မယ့် AI feature နှစ်မျိုးရှိပါမယ်။ Privacy & Security အပိုင်းမှာလည်း အသုံးပြုသူရဲ့ data တွေကို ခွင့်ပြုချက်မရပဲ အပြင်ကိုထွက်သွားတာမျိုး လုံး၀လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Microsoft က မကြာသေးမီကမှ ထွက်ရှိလာတဲ့ AI feature တစ်ခုကလည်း လူအများကြားမှာ ပြောနေကြပါတယ်။ အသုံးပြုထားတဲ့ webpage တွေကို screenshot ပုံစံ သိမ်းဆည်းထားပြီး suggestion ပြန်ပြတာမျိုးတွေဖြစ်ပါတယ်။ တစ်ချို့အသုံးပြုသူတွေအနေနှင့် ဒီလိုလုပ်ခြင်းက privacy ကို တိုက်ရိုက်ချိုးဖောက်နေတယ်လို့လည်း ပြောနေကြပါတယ်။ Apple က privacy နှင့် ပတ်သက်ရင် နာမည်ပျက်မရှိသလောက် နည်းတာကြောင့် လူကြိုက်များတဲ့ company တစ်ခုအဖြစ်ယနေ့အချိန်ထိ ရပ်တည်နေပါတယ်။ AI feature ထွက်လာတဲ့အခါမှာတော့ ဒီအရာတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Discussion about this post