Arc Browser ရဲ့ Boosts Feature အသစ်နဲ့ Web Page တွေရဲ့ Designကို ပြောင်းလဲနိုင်

Arc Browser မှာ ပါဝင်လာတဲ့ Boosts Feature အသစ်ဟာ Web Page တွေရဲ့ Design ပိုင်းဆိုင်ရာကို ပြုပြင်နိုင်တယ်လို့ သိရပါတယ်။

Arc Browser ရဲ့ Boosts Feature နဲ့ Web Page တွေကို စိတ်ကြိုက်အရောင်တွေ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ Dark Mode မပါတဲ့ Web Page ကို Dark Mode လိုမျိုးဖြစ်အောင် ပြောင်းလဲနိုင်သလို အခြားစိတ်ကြိုက်အရောင်းတွေကိုလည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Boosts Feature မှာ Web Page အရောင်တင်မကပဲ Fonts Size နဲ့ Fonts တွေကိုလည်း ပြုပြင်နိုင်တယ်လို့ သိရပါတယ်။ ဒီလိုဆိုတော့ Web Page ကို အသုံးပြုနေပေမယ့် အရောင်၊ စာလုံးအရွယ်အစားနဲ့ စာလုံးပုံစံတွေကို မကြိုက်ဘူးဆိုရင် Arc Browser ကိုသုံးပြီး စိတ်ကြိုက်ပြုပြင်လို့ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Coding နဲ့ ပတ်သက်တဲ့ ဗဟုသုတအနည်းငယ်တော့ သိထားဖို့ လိုအပ်ပါလိမ့်မယ်။

Boosts Feature နဲ့ ပြုပြင်ထားတဲ့ Web Page Design ကို Arc Browser အသုံးပြုသူအချင်းချင်း မျှဝေအသုံးပြုနိုင်အောင်လည်း ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ ဒီလို မျှဝေတဲ့အခါမှာ Design ပိုင်းသာမျှဝေပေးသွားမှာဖြစ်ပြီး JavaScript အပိုင်းကိုတော့ မျှဝေပေးနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီလိုဆိုတော့ တစ်ဦးနဲ့ တစ်ဦး မျှဝေတဲ့အခါ JavaScript နဲ့ ပြုပြင်ထားတဲ့ Design တွေပါဝင်နေရင်တော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် တချို့အရောင်တွေကိုသုံးတဲ့အခါ ကြည့်မကောင်းတဲ့ ပုံစံမျိုးတွေ သုံးလိုက်တဲ့အရောင်က လွဲနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီ Error ကတော့ အခုမှစတင်တဲ့ Feature ဖြစ်နေတာကြောင့် လိုအပ်ချက်ရှိနေသေးတာ ဖြစ်နိုင်ပါတယ်။

Arc က ပြောပြချက်အရ လက်ရှိမှာ Boosts Feature ကို Computer တွေမှာပဲ အသုံးပြုလို့ရမယ်လို့ သိရပါတယ်။ ဖုန်းတွေအတွက်လည်း ဖန်တီးပေးထားတာဖြစ်ပြီး လက်ရှိမှာတော့ အဆင်သင့်မဖြစ်သေးတာကြောင့် မထုတ်ပေးတာ ဖြစ်တယ်လို့ Arc က ပြောပါတယ်။ ပုံမှန် မြင်နေကျ Web Page တွေကို မကြိုက်တော့တာပဲ ဖြစ်ဖြစ်၊ ကလိချင်တာပဲ ဖြစ်ဖြစ် Arc Browser မှာ လုပ်လို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Exit mobile version