Apple WWDC 2023 မှာ ကြေညာလာနိုင်မယ့် iOS 17 နဲ့ iPadOS 17 Uptade မှာ ဘယ်လို Feature အသစ်တွေ ဘာဖြစ်လာနိုင်မလဲ

ဇွန်လ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Apple WWDC 2023 မှာ 15-inch MacBook Air/ WatchOS 10/ Apple Headset တို့အပြင် တစ်ခြားစိတ်ဝင်စားစရာ အကြောင်းအရာများကို စိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ iOS 17 နဲ့ iPadOS 17 Uptade မှာလဲ IOS Control Center ပြောင်းလဲမှုတစ်ချို့ နဲ့ Feature အသစ်များပါ ပါဝင်လာမှာ ဖြစ်ပါတယ်။

iOS 17 နဲ့ iPadOS 17 Uptade

အကြီးမားဆုံးပြောင်းလဲမှု တစ်ခုကတော့ EU Region တွေမှာ Appstore ကနေမဟုတ်ဘဲ အခြားသော Third Party App Stores ကနေပါ App တွေကို Install လုပ်ခွင့်ပေးမယ့် Update ဘဲ ဖြစ်ပါတယ်။

iOS17 မှာ Control Center ပြန်လည်မွမ်းမံမှုတွေပြုလုပ်ထားတာဖြစ်ပြီး Day One လို့ခေါ်တဲ့ Life Journaling App ကိုလဲမိတ်ဆက်သွားမှာဖြစ်ပါတယ်။ Apple က iPhone 14 Pro မှာ ပါဝင်လာတဲ့ Dynamic Island Feature ရဲ့ လုပ်ဆောင်ချက်တွေကိုလဲ iOS 17 မှာ Update လုပ်ထားတယ်လို့ သိရပါတယ်။ iPadOS 17 မှာလဲ အရင် iOS 16 တုန်းက ပါဝင်ခဲ့တဲ့ Lock Screen Customize Feature ကို Uptade လုပ်ထားမှာဖြစ်ပြီး Tablet-Native Health ဆိုတဲ့ System App တစ်ခုပါဝင်လာမှာဖြစ်ပါတယ်။

မကြာသေးမှီ ကမှထည့်သွင်းပေးထားတဲ့ မသန်စွမ်းသူများ အတွက် အထောက်အကူဖြစ်စေမယ့် Feature ကိုလဲ iOS 17 Uptade ပိုမိုသုံးလို့ လွယ်ကူအောင် အဆင့်မြှ့င်တင်ထားတယ်လို့ သိရှိရပါတယ်။

Exit mobile version