Apple ရဲ့ VR Headset ဟာ ထင်ထားတာထပ် ပိုကောင်းမယ်လို့ ထုတ်ပြန်

လာမည့်ဂျွန်လမှာ ကျင်းပမယ့် WWDC ပွဲတွင် မိတ်ဆက်ပေးမယ်လို့ ထင်မြင်ချက်တွေနဲ့ စိတ်ဝင်စားမှုများနေတဲ့ Apple ရဲ့ VR Headset ဟာ တခြား VR Headset တွေမှာ မရနိုင်တဲ့ Features တွေကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Apple ဟာ သူတို့ရဲ့ VR Headset ကို Hardware ပိုင်းမှာတင်မဟုတ်ပဲ Software ပိုင်းမှာပါ အများကြီးအားစိုက်ထားတယ်လို့ သိရပါတယ်။ Apple VR Headset ဟာ လက်ရှိ iPad တွေရဲ့ Apple Store မှာရှိတဲ့ App တွေတော်တော်များများကို အသုံးပြုနိုင်မှာဖြစ်ပြီး Apple ရဲ့ Books ၊ Camera ၊ Contacts ၊ FaceTime ၊ Files ၊ Freeform ၊ Home ၊ Mail ၊ Messages ၊ Music ၊ Notes ၊ Photos ၊ Reminders ၊ Safari ၊ Stocks ၊ TV နှင့် Weather တို့ကိုပါ အသုံးပြုလို့ ရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ WWDC ပွဲမှာတုန်းက Developer တွေအတွက် Software Development Kit နဲ့ Mac-based Headset Simulator ကို မိတ်ဆက်ပေးပြီးသားဖြစ်လို့ ၎င်းတို့ကိုအသုံးပြုပြီး Developer တွေက VR Headset မှာ အသုံးပြုထားတဲ့ xrOS နဲ့ ကိုက်ညီမယ့် Software တွေကို ဖန်တီးနိုင်မှာ ဖြစ်သလို လက်ရှိ Apple Store မှာ ရှိနေတဲ့ Software တွေကိုလည်း ပြုပြင်မှု အနည်းငယ်မျှလုပ်ယုံနဲ့ VR Headset မှာ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Eye Tracking နဲ့ Hand Gestures လည်း Apple VR Headset မှာ ပါဝင်မယ်လို့ သိရပြီး တခြား Apple Product တွေဖြစ်တဲ့ iPhone ၊ Mac တို့နဲ့ ချိတ်ဆက်အသုံးပြုဖို့ အပိုပစ္စည်းတွေလည်း ပါဝင်အုံးမယ်လို့ သိရပါတယ်။ ဒီလိုဆိုတော့ Apple ရဲ့ VR Headset ဟာ တွေ့ဖူးနေတဲ့ Gaming အသားပေး VR Headset သဘောလောက်တင်မဟုတ်ပဲ ပိုမိုထူးခြားတဲ့ VR Headset တစ်ခုအဖြင့် မြင်တွေ့ရမှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Exit mobile version