External Power Supply ပါဝင်လာမှာ ဖြစ်တဲ့ Apple ရဲ့ Mixed-Reality (VR)Headset

Reality Pro ဒါမှမဟုတ် Reality One လို့ ခေါ်တဲ့ Apple ရဲ့ အသစ် ထွက်ရှိလာမယ့် Mixed-Reality (VR)Headset မှာ အပူလွန်ကဲခြင်းကို ထိန်းညှိပေးနိုင်တဲ့ External Power Supply ပါရှိလာမယ်လို့ Mark Gurman(Tech Reporter of Bloomberg) ကပြောကြားခဲ့ပါတယ်။ အဆိုပါ External Power Supply က Magnetic Power Cable နဲ့ ထွက်ရှိမှာဖြစ်ပြီး Apple ရဲ့ MagSafe Battery Pack နဲ့ ပုံစံတူ တယ်လို့ သိရှိရပါတယ်။

The device will feature a separate USB-C port for data transfers, image; Apple

သီးသန့် Power Adapter မပါရှိတဲ့ အတွက် အားသွင်းတဲ့ USB-C Cable Power Adapter တစ်ခုတော့လို့အပ်ပါတယ် တစ်ခါ အားသွင်း ပြီးရင် ၂နာရီအကြာ Mixed-Reality (VR)Headset ကို ပါဝါပေးနိုင်တယ်လို့ သိရှိရပါတယ်။ ၂နာရီဆိုတဲ့ အချိန်က နည်းလွန်းတာကြောင့် External Power Supply ကို အပို ထပ်မံဝယ်ယူလို့ ရမယ်လို့လဲ Gurman ကပြောကြားထားပါတယ်။

အဆိုပါ External Battery နဲ့ Charging Cable ပါဝင်တဲ့ Mixed-Reality (VR)Headset တစ်ခုကို $3,000(ကောလာဟလစျေးနှုန်း)ရှိနိုင်တယ်လို့လဲ သိရှိရပါတယ်။ Headset ကို ပိုမိုပေါ့ပါးပြီး ဝတ်ဆင်ရတာ သက်တောင့်သက်သာဖြစ်စေရန် အတွက် Headset မှာ Battery ပါဝင်ခြင်းမရှိဘူးလို့ Apple က ကြေငြာထားပါတယ်။

Exit mobile version