Apple Vision Pro ကို ခွဲစိတ်ခန်းထဲမှာ အသုံးပြုနေပြီဖြစ်တဲ့ ဆရာဝန်များ

UK မှာရှိတဲ့ Cromwell ဆေးရုံက ဆရာဝန်တွေက ကျောရိုးခွဲစိတ်ပြုပြင်တဲ့နေရာမှာ Vision Pro Headset ကို တပ်ဆင်ပြီး ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆရာဝန်တွေကတော့ Apple Vision Pro က ကျန်းမာရေးနယ်ပယ်ထဲမှာ တစ်ကယ်အသုံးဝင်တယ့် ပစ္စည်းတစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Apple Vision Pro ကို ခွဲစိတ်ခန်းထဲမှာ အသုံးပြုနေပြီဖြစ်တဲ့ ဆရာဝန်များ 1

ဒီခွဲစိတ်မှုမှာ ဆရာဝန်ကိုယ်တိုင်က Vision Pro ကို ဝတ်ဆင်ပြီး ခွဲစိတ်မှု ပြုလုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ Nurse တစ်ယောက်က Headset ကို ဝတ်ဆင်ပြီး ခွဲစိတ်မှုအတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ Vision Pro ကို ဝတ်ဆင်ထားရုံနှင့် လက်တွေ့မှာ ခွဲစိတ်မှုလုပ်နေတာရော၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အကြံပေးချက်လုပ်တာမျိုးတွေကို တစ်ပြိုင်တည်းတွေ့မြင်နိုင်ပါတယ်။ Vision Pro အတွက် software ကို develop လုပ်ခဲ့တဲ့ company နာမည်ကတော့ eXeX လို့အမည်ရပါတယ်။ လူနာတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တဲ့ software ကိုတော့ ဆရာဝန်တွေက လက်တွေ့ခွဲစိတ်မှုမှာ အသုံးချနေပြီ ဖြစ်ပါတယ်။ Apple ရဲ့ ပြောကြားချက်အရ နောက်ထပ် company တစ်ခုဖြစ်တဲ့ “myMako” app ကလည်း တင်ပါးနှင့် ဒူးခွဲစိတ်မှုတွေ ပြုလုပ်တဲ့နေရာမှာ 3D models နှင့် အခြား ပစ္စည်းတွေကို အသုံးပြုပြီး လုပ်ဆောင်နိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။ နည်းပညာအရ ခွဲစိတ်မှုတွေပြုလုပ်တဲ့နေရာမှာ Headset နှင့် 3D model နည်းပညာကို ပေါင်းစပ်ပြီါ် အသုံးပြုတာဖြစ်ပါတယ်။

Apple Vision Pro ကို ခွဲစိတ်ခန်းထဲမှာ အသုံးပြုနေပြီဖြစ်တဲ့ ဆရာဝန်များ 2

Apple ကတော့ Vision Pro Headset က ကျန်းမာရေးနယ်ပယ်အတွက် အသုံးဝင်တဲ့ပစ္စည်းတစ်ခုလို့ ဆိုထားပါတယ်။ လက်တွေ့မှာ အသုံးပြုသူနည်းပေမယ့် professional နယ်ပယ်ထဲမှာတော့ အသုံးပြုသူအရေအတွက် တစ်ဖြည်းဖြည်းတိုးလာနေပါတယ်။ Vision Pro Headset အတွက် Apps တွေက လက်တွေ့မှာ အများကြီးမရှိပေမယ့် အနာဂတ်မှာတော့ professional နယ်ပယ်ထဲမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်ပါတယ်။ ​ေ

Exit mobile version