Apple TV Plus ကို Android ဖုန်းတွေမှာ စတင်အသုံးပြုနိုင်ပြီ

Apple က သူတို့ရဲ့ Streaming Platform တစ်ခုဖြစ်တဲ့ AppleTV App ကို Android Mobile Device တွေမှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း February 12 ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Android User တွေ အနေနဲ့ Play Store မှာ Download လုပ်နိုင်ပြီဖြစ်ပါတယ်။

Apple TV Plus ကို Android ဖုန်းတွေမှာ စတင်အသုံးပြုနိုင်ပြီ

Apple TV Plus ရဲ့ Android Version မှာ Offline Download နဲ့ Watchlist တွေကို Save ထားနိုင်တဲ့ Feature တွေပါဝင်မှာ ဖြစ်ပြီး User တွေအနေနဲ့ Apple TV Plus နဲ့ MLS Season Pass တို့ကို ဝယ်ယူချင်တယ်ဆိုပါက Google Play Billing ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Apple TV Plus Subscription Fee က တစ်လ $9.99 ကျသင့်မှာ ဖြစ်ပါတယ်။ ခုထွက်ရှိတဲ့ Android Version က Foldables ဖုန်းတွေအတွက်လဲ ကောင်းကောင်းအသုံးပြုနိုင်အောင် ပြင်ဆင်ထားတယ်လို့လဲ သိရပါတယ်။

Exit mobile version