Apple က အသစ်ထုတ်လုပ်လိုက်တဲ့ The Vision Pro

WWDC 2023 ပွဲမှာ Apple က ကျွန်တော်တို့အားလုံး မျှော်လင့်ထားတဲ့ Mixed-Reality Headset ဖြစ်တဲ့ The Vision Pro ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ကတည်းက ကောလဟာလသတင်းတွေ ထွက်ခဲ့တဲ့ Apple ရဲ့ VR နဲ့ AR နှစ်မျိုးလုံး ပေါင်းစပ်ထားတဲ့ The Vision Pro ကို ဒီကနေ့ အမှန်တကယ် တွေ့ရပြီ ဖြစ်ပါတယ်။ Apple ရဲ့ The Vision Pro ဟာ ထင်ထားတာထပ်ကို အများကြီးပိုနေတာကို မြင်တွေ့ရပါတယ်။ The Vision Pro မှာ အတွင်းအပြင် Camera တွေ၊ Sensors တွေအများကြီးပါရှိပြီး လက်ကိုင် Controller တွေ မပါပဲ လက်အမူအရာနဲ့ ထိန်းချုပ်နိုင်သလို အသံနဲ့ပါ ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။ ဒီထပ်ပိုထူးခြားတာကတော့ EyeSight လို့ခေါ်တဲ့ Feature အသစ်ကို ထည့်သွင်းပေးထားပြီ အသုံးပြုသူတွေဟာ မျက်လုံး လှုပ်ရှားမှုနဲ့ The Vision Pro ကို ထိန်းချုပ်နိုင်အုံးမှာ ဖြစ်ပါတယ်။

The Vision Pro မှာ ပြောင်ချောနေတဲ့ မှန်အကွေးကို အသုံးပြုထားပြီး Body ကိုတော့ အလူမီနီယမ်အလွိုင်းနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဦးခေါင်းကိုထိန်းတဲ့ ကြိုးကိုလည်း ပျော့ပျောင်းပြီး ချိန်ညှိရ လွယ်ကူအောင် ပြုလုပ်ပေးထားတဲ့အပြင် ဦခေါင်းပုံအမျိုးမျိုးနဲ့ အဆင်ပြေစေဖို့ အရွယ်အစား (၃)မျိုး ထုတ်ပေးထားတယ်လို့ သိရပါတယ်။ Optics ပိုင်းအတွက် Apple က မူပိုင်ခွင့်တင်ထားတဲ့ Dual 4K Micro-OLED Displays ပါဝင်တဲ့ ဓာတ်မှန် မှန်ဘီလူးကိုအသုံးပြုထားကာ Pixels ပေါင်း ၁၂ သန်းအထိ ထုတ်ပေးနိုင်တယ်လို့ Apple က ပြောထားပါတယ်။ Headset ရဲ့ အတွင်းပိုင်းမှာ IR Cameras များနဲ့ LED မီးလုံးများ ပါဝင်ကာ အပြင်ပိုင်းမှာတော့ LiDAR Sensors နဲ့ သမရိုးကျ Sensors နှစ်မျိုးစလုံး အသုံးပြုထားတယ်လို့ သိရပါတယ်။ The Vision Pro ဟာ VisionOS နဲ့ အလုပ်လုပ်မှာဖြစ်ပြီး Performance ပိုင်းအတွက် Apple က အသစ်ထုတ်ထားတဲ့ R1 Chip နဲ့ M2 Chip ကို အသုံးပြုထားမယ်လို့ Apple က ပြောပါတယ်။

ပုံထဲမှာ မြင်ရတဲ့အတိုင်း Headset ကို အသုံးပြုတဲ့အခါမှာ မှန်အတွင်းကို ဖောက်ထွင်းမြင်နိုင်မှာ ဖြစ်လို့ အပြင်ကလူတွေက Headset အသုံးပြုသူရဲ့ လှုပ်ရှားမှုကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ The Vision Pro ကို အသုံးပြုရာမှာ ပေါ့ပါးစေဖို့အတွက် Battery ကို Headset ထဲမှာ မထည့်ထားပဲ External အနေနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ The Vision Pro မှာ Apple အသုံးပြုသူတွေ ရင်းနှီးပြီးသားဖြစ်တဲ့ Safari လို့မျိုး Apps တွေ အားလုံးအသုံးပြုလို့ရမယ့် အပြင် အခြား Apps တွေကို အသုံးပြုနိုင်ဖို့အတွက် The Vision Pro အတွက် အထူးသီးသန့် App Store ကိုလည်း ဖန်တီးပေးထားကြောင်း Apple က ပြောပါတယ်။ ဒီထပ်မိုက်တာက The Vision Pro မှာ Apple ရဲ့ ပထမဦးဆုံးသော 3D Camera ကို ထည့်သွင်းပေးထားတာဖြစ်ပြီး အဲဒီ 3D Camera ဟာ နက်ရှိုင်းပြီး တိကျတဲ့ ရုပ်ပုံတွေကို အမိအရ ရိုက်ကူးပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Apple ရဲ့ ပြောပြချက်အရ The Vision Pro ကို အိမ်ထဲမှာ အသုံးပြုဖို့သီးသန့် မဟုတ်ပဲ လမ်းသွားလမ်းလာမှာလည်း အသုံးပြုနိုင်စေဖို့ မှန်ကို ဖောက်ပြီးမြင်အောင် လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ The Vision Pro နဲ့ ရုပ်ရှင်ကြည့် ၊ Game ဆော့ လုပ်ချင်သူများအတွက်လည်း ပေ ၁၀၀ အထိ Screen ကို ချဲ့နိုင်တဲ့ Feature ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Apple Arcade Library မှာ အမျိုးအစား ၁၀၀ ကျော်တဲ့ Games တွေကို ဆော့ကစားနိုင်သလို PS5 ၊ Xbox တို့နဲ့ ချိတ်ဆက်ပြီးလည်း ဆော့ကစားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Apple ဟာ Disney နဲ့လည်း Partnership လုပ်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ကာ Disney CEO Bog Iger က The Vision Pro မှာ Disney+ App လည်း ပါဝင်လာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံး တစ်ခုကတော့ The Vision Pro နဲ့ အလုပ်လုပ်ချင်သူများအတွက် The Vision Pro ကို Magic Keyboard ၊ Trackpad တို့နဲ့ ချိတ်ဆက်ကာ Computer အဖြင့်လည်း အသုံးပြုနိုင်အုံးမှာဖြစ်လို့ အရမ်းကို ပြီးပြည့်စုံတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ The Vision Pro ရဲ့ Login Security ပိုင်းကို Optic ID လို့ ခေါ်တဲ့ မျက်လုံး Scan နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး Security Data တွေဟာလည်း လုံးဝ Encrypted ဖြစ်သလို Headset ထဲမှာပဲ သိမ်းထားမှာ ဖြစ်လို့ အခြားသော Third-Party App တွေ Websites တွေဆီကို Data လုံးဝ ပေါက်ကြားမှုမရှိပဲ လုံခြုံစေမယ်လို့ Apple က ပြောထားပါတယ်။ ဝမ်းနည်းစရာတစ်ခုက The Vision Pro ကို နောက်နှစ် အစောပိုင်းလောက်မှာမှ $3,499 နဲ့ ရောင်းချပေးသွားဖို့ စီစဥ်ထားတာကြောင့် နောက်နှစ်မှ ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version