Apple ရဲ့ Smart Home Control System ဖြင့်အသုံးပြုနိုင်မယ့် နံရံကပ် AI Tablet ကို လာမယ့် ၂၀၂၅ခုနှစ်၊ မတ်လမှာ ထုတ်လုပ်ရောင်းချနိုင်ကြောင်း Bloomberg သတင်းဌာနက ကြောညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ Smart Home Product က ခြောက်လက်မ အရွယ်ရှိတဲ့ AI Wall Tablet တစ်လုံးဖြစ်ပြီး iPhone ဖြင့်ချိတ်ဆက်ကာ အိမ်မှာရှိတဲ့ Smart Home Product များကို ထိန်းချုပ်ခိုင်းစေလို့ ရမှာဖြစ်ပါတယ်။
Bloomberg သတင်းဌာနက Mark Gurman ရဲ့ ပြောပြချက်အရ AI Wall Tablet ရဲ့ Smart Home Control System က မီးခလုတ်များ၊ လုံခြုံရေးကင်မရာများ၊ အာရုံခံကိရိယာများ၊ အပူချိန်ထိန်းစနစ်များကို Siri နှင့် Apple Intelligence ရဲ့ Voice Control ဖြင့် ထိန်းချုပ်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Apple ရဲ့ Smart Home Product အသစ်က Apple Watch OS နှင့် iPhone StandBy Mode နှစ်ခုကို ပေါင်းစပ်ထားတဲ့ OS ပုံစံမျိုးဖြစ်ပြီး အနားမှာရှိတဲ့ အသုံးပြုသူကို အလိုအလျှောက် သိနိုင်မယ့် အာရုံခံကိရိယာများ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ AI Wall Tablet ကို Silver နဲ့ Black ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး လာမယ့် မတ်လမှာ ရောင်းချမယ်လို့ ကောလဟာလ သတင်းများ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Discussion about this post