နောက်ဆုံးမှာတော့ iPad တွေအတွက် Build-In Calculator ထည့်သွင်းပေးဖို့ Apple က စီစဥ်ခဲ့ပြီ

Apple ဟာ iPad တွေကို ထုတ်လုပ်ခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် Build-In Calculator ထည့်သွင်းပေးခဲ့ခြင်း မရှိတာကြောင့် iPad အသုံးပြုသူများဟာ အပြင် Software ကို Install လုပ်ကာ အသုံးပြုနေရတာ ဖြစ်ပါတယ်။

အခု နောက်ဆုံးမှာတော့ iPad တွေအတွက် Build-In Calculator ထည့်သွင်းပေးဖို့ စီစဥ်နေပြီဖြစ်ကြောင်း သတင်းကောင်း ကြားသိရကာ အသစ်ထုတ်ပေးမယ့် iPadOS မှာ ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် iPadOS အသစ်ကို ဘယ်အချိန် ထုတ်ပေးမလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးတာကြောင့် ခန့်မှန်းမှုများအရ ဒီနှစ် ဇွန်လထဲ ကျင်းပမယ့် Apple ရဲ့ WWDC ပွဲမှာ iPad အသစ်နဲ့ အတူ iPadOS Update ကိုပါ မိတ်ဆက်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

Exit mobile version