Apple ရဲ့ အသစ်ထွက်ရှိမယ့် Mac တွေမှာ AI Chip M4 ကို အသုံးပြုထားကြောင်း သတင်းများထွက်ရှိ

Bloomberg ရဲ့ သတင်းထောက် Mark Gurman ပြောပြမှုအရ Apple ဟာ ဒီနှစ် WWDC ပွဲမှာ AI Chip M4 နဲ့ ဖန်တီးထားတဲ့ Mac တွေကို မိတ်ဆက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Mark Gurman ရဲ့ ပြောပြမှုအရ Apple ရဲ့ M4 Chip မှာ အမျိုးအစား (၃)မျိုးအထိ ခွဲခြားထားပြီး Codename အားဖြင့် အနိမ့်ဆုံး Entry-LeveL ကို Donan ၊ အလည်အလတ် Mid-Tier ကို Brava နှင့် အမြင့်ဆုံး Highest-Performing ကို Hidra လို့ နာမည်ပေးထားကြောင်း သိရပါတယ်။ Donan ကို MacBook Air နှင့် Mac Mini တွေမှာ အသုံးပြုထားမှာ ဖြစ်ပြီး၊ Brava ကိုတော့ MacBook Pro၊ Mac Mini နှင့် Mac Studio တိုမှာ အသုံးထားမှာ ဖြစ်ကာ Hidra ကိုတော့ Mac Pro အတွက် အသုံးပြုမှာ ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရပါတယ်။

လက်ရှိ ထွက်ရှိနေတဲ့ သတင်းများအရ M4 Chip နဲ့ Mac တွေကို ဒီနှစ်အကုန်လောက်မှာ စတင်ပို့ဆောင်ဖို့ စီစဥ်နေပြီး ၂၀၂၅ ခုနှစ် အစောပိုင်းမှာတော့ လူတွေအားလုံးရဲ့ လက်ထဲကို ရောက်ရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Exit mobile version