Bloomberg သတင်းဌာနမှ Mark Gurman ရဲ့ ပြောပြချက်အရ Apple Company က ၁၃ လက်မနဲ့ ၁၅ လက်မ MacBook Air laptop များကို M4 ချစ်ပ်နဲ့ လာမယ့် မတ်လမှာ အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။ Apple ရဲ့ လုပ်နည်းအတိုင်း Product အသစ်ကို မမိတ်ဆက်ခင် စျေးကွက်ရှာဖွေရေး၊ Sales and Retail teams တွေကို ပြင်ဆင်နေပြီး၊ လက်ရှိလက်ကျန် စတော့တွေကိုလည်း ရှင်းလင်းနေတယ်လို့ သိရပါတယ်။ M4 ချစ်ပ် MacBook Air 13-inch နဲ့ 15-inch တို့ကို မနှစ်ကအတိုင်းပဲ တစ်ပြိုင်နက် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Apple က Silicon Chip တွေ စတင်အသုံးပြုတည်းက MacBook Air တွေက ပိုပြီးပါးလွှာလာပြီး Port တွေကလဲ နည်းလာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ Mac Studio နဲ့ Mac Pro တို့ကို M2 Chip တွေနဲ့ပဲ ဆက်လက်အသုံးပြုနေတာ ဖြစ်ပြီး Mac Studio ကို လာမယ့် မတ်လကနေ ဇွန်လအတွင်း၊ Mac Pro ကိုတော့ July လလောက်မှာ M4 Chip များနဲ့ အစားထိုး အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။
Discussion about this post