Apple ရဲ့ M Series Chips တွေမှာ ပြုပြင်လို့ မရနိုင်တဲ့ အားနည်းချက် တွေ့ရှိ

Apple ရဲ့ M Series Chips တွေမှာ ပြုပြင်လို့ မရနိုင်တဲ့ Hardware ဆိုင်ရာ အားနည်းချက် တစ်ခုကို တွေ့ရှိထားကြောင်း သိရပါတယ်။ သုတေသီများရဲ့ ပြောပြမှုအရ M Series Chips တွေမှာ Encryption နဲ့ ပတ်သက်တဲ့ အားနည်းချက် တစ်ခုရှိနေပြီး ၎င်းဟာ PC ထဲရှိ အချက်အလက်များကို ပေါက်ကြားစေနိုင်ကြောင်း သိရပါတယ်။

၎င်းအားနည်းချက်ကြောင့် သာမာန် Third-Party Software လေးဖြစ်တဲ့ GoFetch ကို အသုံးပြုပြီး PC ထဲကို ဝင်ရောက်နိုင်ကြောင်း သိရပါတယ်။ အခုလိုဖြစ်ခြင်းကို Side-Channel Vulnerability လို့ ခေါ်ပြီး အရိုးရှင်းဆုံး ပြောရရင် Hardware ကြောင့် ဖြစ်ပွားရတဲ့ အားနည်းချက် တစ်ခုဖြစ်ပါတယ်။။ ၎င်း အားနည်းချက်နဲ့ ပတ်သက်ပြီး Apple ဘက်က ဘယ်လိုမျိုး ဖြေရှင်းသွားမလဲ ဆိုတာကို မသိရသေးပါဘူး။

အခုလိုမျိုး System အားနည်းချက်တွေဟာ Apple မှာမှ မဟုတ်ပဲ အခြားသော နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ AMD ၊ Zenbleed နှင့် Inception တို့မှာလည်း ဖြစ်ခဲ့ဖူးပါတယ်။

Exit mobile version