Myanmar End User
  • Home
  • News
  • Howto
  • Graphic Design
    • All
    • Illustrator
    • Photoshop
    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    ဒီဇိုင်း

    ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

    DALL-E 2 AI

    DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service
No Result
View All Result

Apple ရဲ့ iOS 26 မှာ ပါလာမယ့် Phone App အတွက် Feature အသစ်များ

Khant Zin Aung by Khant Zin Aung
August 3, 2025
in News
Reading Time: 2 mins read
0
0
SHARES
2
VIEWS
Share on FacebookShare on TwitterShare on Telegram
ADVERTISEMENT

Apple ရဲ့ iOS update တွေထွက်တိုင်း Phone app က သိပ်ပြီးအရေးပေးမခံရတာ များပါတယ်။ ဒီတစ်ခေါက် လာမယ့် iOS 26 မှာတော့ Phone App အတွက် Functions တွေပါဝင်လာမှာ ဖြစ်ပြီး မလိုအပ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကာကွယ်ဖို့နဲ့ User တွေ အချိန်ကုန်သက်သာစေမယ့် Feature အသစ်တွေ အများကြီးကို ထည့်သွင်းပေးထားတယ် လို့သိရပါတယ်။

ပထဆုံး တစ်ခုအနေနဲ့ အားလုံးကို တစ်နေရာတည်းမှာ စုစည်းထားတဲ့ ဒီဇိုင်းအသစ် (Unified Design)

Phone app က ဒီဇိုင်းအသစ်ဖြစ်သွားပြီး recent calls, missed calls နဲ့ voicemails တွေကို screen တစ်ခုတည်းမှာ အကုန်စုပြီး ပြပေးမှာဖြစ်ပါတယ်။ အရင် iOS 18 က layout အဟောင်းကိုပဲ သဘောကျတဲ့သူတွေအတွက်လည်း အရင်အတိုင်း ပြန်သုံးလို့ရမယ့် option လဲပါ ပါသေးတယ်။

Favorite Contacts တွေကတော့ အပေါ်ဆုံးမှာပဲ ရှိနေမှာဖြစ်ပြီး contacts list နဲ့ keypad ကို သွားဖို့အတွက် tab တွေလည်း ရှိနေတုန်းပါပဲ။ ဒီ ဒီဇိုင်းအသစ်ကို ဖွင့်ချင်ပိတ်ချင်တယ်ဆိုရင် screen ရဲ့ ညာဘက်အပေါ်ထောင့်က မျဉ်းကြောင်းသုံးကြောင်းပုံ icon လေးကို နှိပ်ပြီး ပြောင်းနိုင်ပါတယ်။

ဖုန်းခေါ်ဆိုမှုတွေကို စီစစ်မေးမြန်းပေးမယ့်စနစ် (Call Screening)

Apple က ဖုန်းခေါ်ဆိုမှုတွေကို စီစစ်တဲ့ (call screening) feature ကို iOS 26 မှာ ပိုပြီးအဆင့်မြှင့်ပေးလိုက်ပါတယ်။ ကိုယ့် Contacts list ထဲမှာမရှိတဲ့ နံပါတ်အစိမ်းတွေ (unknown callers) ဖုန်းခေါ်လာရင် သူတို့ရဲ့နာမည်နဲ့ ဘာကြောင့်ခေါ်တဲ့အကြောင်းကို မေးပေးမှာဖြစ်ပါတယ်။ ဒီအဆင့်တွေအားလုံးကို ဖုန်းက အလိုအလျောက် (automated) လုပ်ပေးသွားမှာပါ။

iPhone က အဝင် call ကို ကြားဖြတ်ကိုင်တွယ်ပြီး ခေါ်ဆိုသူရဲ့ နာမည်နဲ့ ခေါ်ဆိုရတဲ့အကြောင်းရင်းကို တောင်းပါလိမ့်မယ်။ အဲ့ဒီအချက်အလက်ကို စာသားအဖြစ်ပြောင်းပြီး (transcribed to text) ကိုယ့်ကိုပြပေးမယ်။ အဲ့ဒီအခါကျမှ ကိုယ်က နောက်ထပ်အချက်အလက်တွေ ထပ်မေးမလား၊ ဖုန်းကိုင်လိုက်မလား၊ ဒါမှမဟုတ် ချလိုက်မလားဆိုတာ ဆုံးဖြတ်နိုင်မှာပါ။

ဒီ feature ကို သုံးချင်ရင် Settings app ထဲက Phone section မှာ “Ask Reason for Calling” ဆိုတာကို ဖွင့်ထားပေးရုံပါပဲ။

ADVERTISEMENT
Apple ရဲ့ iOS 26 မှာ ပါလာမယ့် Phone App အတွက် Feature အသစ်များ

နံပါတ်အစိမ်းတွေကို အသံပိတ်ထားခြင်း (Silence Unknown Callers)

နံပါတ်အစိမ်းတွေကို အကြောင်းရင်းမေးမြန်းတာမျိုး မလုပ်ချင်ဘူးဆိုရင်တော့ အရင် iOS တွေကတည်းကပါတဲ့ Silence Unknown Caller feature ကို ဆက်သုံးနိုင်ပါသေးတယ်။ ဒီ feature ကို ဖွင့်ထားရင် ကိုယ်မသိမ်းထားတဲ့ နံပါတ်တွေခေါ်လာတိုင်း ဖုန်းမမြည်အောင်လုပ်ထားပြီး voicemail ဆီကို တန်းပို့ပေးမှာပါ။ အဲ့ဒီ calls တွေကို Recents list မှာတော့ ပြန်ကြည့်နိုင်မှာဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုမှုတွေကို စစ်ထုတ်ခြင်း (Call Filtering)

iOS 26 မှာ ဖုန်းခေါ်ဆိုမှုတွေကို စစ်ထုတ်တဲ့ feature အသစ်တွေလည်း ပါလာပါတယ်။ နံပါတ်အစိမ်းတွေကလာတဲ့ missed calls နဲ့ voicemails တွေကို ပင်မစာရင်းကနေခွဲထုတ်ပြီး “Unknown Callers” ဆိုတဲ့ list သီးသန့်ထဲကို ရွှေ့ထားပေးမှာပါ။

နောက်ထပ် feature တစ်ခုကတော့ ကိုယ်သုံးတဲ့ ဖုန်းလိုင်း (carrier) ကနေ spam လို့သတ်မှတ်ထားတဲ့ call တွေကို အလိုအလျောက် အသံတိတ်ပြီး Spam list ထဲကို တန်းထည့်ပေးတာပါပဲ။ ဥပမာ Verizon လိုင်းသုံးတယ်ဆိုရင် Verizon က spam လို့ သတ်မှတ်ထားတဲ့ နံပါတ်တွေကို iPhone က voicemail ထဲတန်းပို့ပြီး Spam list ထဲ ထည့်ပေးပါလိမ့်မယ်။ ဒီ feature ကတော့ ကိုယ်သုံးတဲ့ carrier ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

Spam Voicemails တွေကို Report တင်ခြင်း

နံပါတ်အစိမ်းတစ်ခုကနေ ရောက်လာတဲ့ voicemail ကို ဖွင့်လိုက်ရင် “Report Spam” ဆိုတဲ့ ခလုတ်အသစ်တစ်ခု ပါလာပါပြီ။ ဒီခလုတ်ကိုနှိပ်ပြီး အဲ့ဒီ voicemail ကို spam အဖြစ် report တင်မလား၊ ဒါမှမဟုတ် report တင်ပြီး ဖျက်ပစ်မလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက spam report လုပ်တာက အဲ့ဒီနံပါတ်ကို block လုပ်တာတော့မဟုတ်ပါဘူး။ block ချင်ရင်တော့ သီးသန့်ထပ်လုပ်ပေးရပါမယ်။

ဖုန်း Hold ထားတာကို ကိုယ့်အစားစောင့်ပေးမယ့် Hold Assist

ကိုယ်က ဖုန်းခေါ်ရင်းနဲ့ တစ်ဖက်က on hold ချထားတာကို စောင့်ရတဲ့အခါမျိုးမှာ ကိုယ်တိုင်စောင့်စရာမလိုတော့ဘဲ ကိုယ့်အစားစောင့်ပေးမယ့် feature ပါ။ သူက hold music ကို နားထောင်နေပြီး လူပြန်လာတဲ့အခါမှာ ကိုယ့်ကို alert ပေးမှာဖြစ်တဲ့အတွက် ဖုန်းကိုင်ပြီး အကြာကြီးစောင့်နေစရာမလိုတော့ပါဘူး။ ဒီ feature က hold music ကို အခြေခံပြီး အလုပ်လုပ်တာဖြစ်လို့ တစ်ခါတလေတော့ အမှားအယွင်းလေးတွေ ရှိနိုင်ပါတယ်။

ဖုန်းပြောနေရင်း တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ် (Live Translation)

ဒါကတော့ အရမ်းမိုက်တဲ့ feature ပါ။ ဖုန်းပြောနေရင်းနဲ့ ဘာသာစကားတစ်ခုကနေ နောက်တစ်ခုကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်မှာပါ။ ဖုန်းပြောနေတုန်း “…” ခလုတ်ကိုနှိပ်ပြီး Live Translation ကို ရွေးလိုက်ရုံပါပဲ။ လောလောဆယ်မှာတော့ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ပေါ်တူဂီ နဲ့ စပိန်ဘာသာစကားတွေကို အပြန်အလှန် ဘာသာပြန်ပေးနိုင်ပါတယ်။ ဒီ feature ရဲ့ အကောင်းဆုံးအချက်က တစ်ဖက်လူမှာ iPhone ရှိစရာမလို၊ smartphone ဖြစ်စရာတောင်မလိုပါဘူး။ ကိုယ့်ဖက်က iPhone ကနေ အားလုံးကို ဘာသာပြန်ပေးသွားမှာပါ။

အခြား Feature အသစ်များ

ဒါတွေအပြင် အောက်ပါ feature အသေးလေးတွေလည်း ပါလာပါသေးတယ်။

  • Call History: Contact တစ်ယောက်ချင်းစီရဲ့ call history ကို အရင်ကထက်ပိုပြီး အသေးစိတ် နောက်ပြန်ကြည့်နိုင်ပါပြီ။
  • Type to Siri: ဖုန်းပြောနေရင်းနဲ့ Siri ကို စာရိုက်ပြီး မေးခွန်းမေးတာ၊ အလုပ်ခိုင်းတာတွေ လုပ်နိုင်ပါပြီ။
  • Screen Sharing and SharePlay: ဖုန်းပြောနေရင်းနဲ့ ကိုယ့် Screen ကို share တာ၊ ဒါမှမဟုတ် Apple Music, Apple TV လို app တွေကို နှစ်ယောက်အတူတူသုံးတဲ့ SharePlay ကို Phone app ကနေ တိုက်ရိုက်သုံးနိုင်ပါပြီ။
  • eSIM Improvements: ကိုယ့် iPhone ထဲက eSIM ကို Android ဖုန်းဘက် လွှဲပြောင်းတာ၊ Android က eSIM ကို iPhone ထဲထည့်တာတွေကို ပိုပြီးလွယ်ကူအောင် လုပ်ဆောင်ပေးထားပါတယ်။
  • iPad နှင့် Mac အတွက် Phone App: Phone app ကို iPadOS 26 နဲ့ macOS Tahoe တွေမှာပါ သီးသန့် app အဖြစ် သုံးနိုင်တော့မှာဖြစ်ပြီး အပေါ်မှာပြောခဲ့တဲ့ feature အကုန်လုံးကို iPad, Mac တွေပေါ်မှာပါ သုံးနိုင်မှာ ဖြစ်ပါတယ်။

iOS 26 က Phone app အတွက် လုပ်ဆောင်ပေးထားတဲ့ update တွေက အသေးအဖွဲပြောင်းလဲမှုတွေ ဆိုပေမယ့် iPhone ရဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး Function တစ်ခုဖြစ်တဲ့ “Phone call “ကို Apple က တော်တော်လေးကို ပြန်ပြီးအာရုံစိုက်လာတာ တွေ့ရပါတယ်။ အဓိကဖြေရှင်းပေးလိုက်တာကတော့ User တွေအတွက် တော်တော်အာရုံနောက်ရတဲ့ Spam Call နဲ့ မလိုလားအပ်တဲ့ ဖုန်းခေါ်ဆိုမှုတွေရဲ့ ပြဿနာ တွေပါပဲ။ Call Screening, Call Filtering နဲ့ Spam Reporting လို feature တွေက user တွေကို သူတို့ရဲ့ privacy နဲ့ အချိန်ကို ပိုပြီး ထိန်းချုပ်နိုင်စွမ်းပေးလိုက်သလိုပါပဲ။

Tags: AppleCall HistoryiPhone17Live TranslationNew featursphone AppUnified design
Khant Zin Aung

Khant Zin Aung

MyanmarEndUser တွင် နည်းပညာဆိုင်ရာ ပိုစ့်များကို Junior Writer အဖြစ် ရေးသားမျှဝေနေသူ ဖြစ်သည်။

Related Posts

မကြာခင် Official ရောက်ရှိလာတော့မှာ ဖြစ်တဲ့ iOS 26 Update
News

မကြာခင် Official ရောက်ရှိလာတော့မှာ ဖြစ်တဲ့ iOS 26 Update

September 15, 2025
Sound Quality ကိုအမြင့်ဆုံး နားဆင်နိုင်မယ့် Spotify ရဲ့ Lossless Feature အသစ်
News

Sound Quality ကိုအမြင့်ဆုံး နားဆင်နိုင်မယ့် Spotify ရဲ့ Lossless Feature အသစ်

September 13, 2025
ပိုကောင်းလာတဲ့ ANC၊ Live Translation နဲ့ Heart-Rate Sensor အသစ် ပါဝင်လာမယ့် AirPods Pro 3
News

ပိုကောင်းလာတဲ့ ANC၊ Live Translation နဲ့ Heart-Rate Sensor အသစ် ပါဝင်လာမယ့် AirPods Pro 3

September 11, 2025
ဒုတိယအခွင့်အရေးကို ပြန်တောင်းလိုက်တဲ့ Rabbit R1 – RabbitOS 2 Update အသစ်ရောက်ရှိ
News

ဒုတိယအခွင့်အရေးကို ပြန်တောင်းလိုက်တဲ့ Rabbit R1 – RabbitOS 2 Update အသစ်ရောက်ရှိ

September 9, 2025
Google Photos မှာ ဓာတ်ပုံတွေကို Video အဖြစ်ပြောင်းပေးတဲ့ Feature ကို Veo 3 AI နဲ့ အဆင့်မြှင့်တင်
News

Google Photos မှာ ဓာတ်ပုံတွေကို Video အဖြစ်ပြောင်းပေးတဲ့ Feature ကို Veo 3 AI နဲ့ အဆင့်မြှင့်တင်

September 5, 2025
iOS 26 Update အသစ်ကြောင့် iPhone 16 မော်ဒယ်တွေမှာ 25W Wireless Charging ရရှိတော့မည်
News

iOS 26 Update အသစ်ကြောင့် iPhone 16 မော်ဒယ်တွေမှာ 25W Wireless Charging ရရှိတော့မည်

August 24, 2025
Next Post
Instragram က Snapchat နဲ့အပြိုင် ‘Instagram Map’ Feature အသစ်ကို မိတ်ဆက်

Instragram က Snapchat နဲ့အပြိုင် 'Instagram Map' Feature အသစ်ကို မိတ်ဆက်

Discussion about this post

  • About Us
  • Privacy Policy
  • Data Deletion Request
  • About Us
  • Privacy Policy
  • Data Deletion Request

© 2023 Myanmarenduser.com

Welcome Back!

Sign In with Facebook
Sign In with Google
OR

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • Home
  • News
  • Howto
  • Graphic Design
    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service

© 2023 Myanmarenduser.com

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.