Apple ရဲ့ နောက်ဆုံးထွက် IOS 16.2 နဲ့ Homekit App ကို အသုံးပြုရင် Error တစ်ခုဖြစ်နေကြောင်းသိရှိရ

ဒီဇင်ဘာလ ၁၃ရက်နေ့မှာ Publish ထုတ်ခဲ့တဲ့ Apple ရဲ့ IOS 16.2 မှာ Homekit အသုံးပြုသူများအတွက် error တစ်ခုရှိနေကြောင်း သိရပါတယ်။ IOS 16.2 ကို Iphone မှာ Update တင်လိုက်ရင် Homekit App တွင် အခြား user ကို invite လုပ်လို့ မရတဲ့အပြင် အိမ်တွင်းမှာရှိတဲ့ Smart Devices တွေကိုလည်း မတွေ့ရတော့ပါဘူး။

ဒီ Error ကို iOS အသုံးပြုသူများက report တင်နေကြတာဖြစ်လို့ Apple ကလည်း Update Version အသစ်ကို မကြာမှီ​ ပြန်လည်ထုတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ IOS 16.2 ရဲ့ အဓိက အချက်များထဲမှာ Home app architecture ပါသော်လည်း error ဖြစ်နေတာကြောင့် user တွေရဲ့ report တင်မှုဟာ များနေရပါတယ်။

IOS 16.2 ကို Update လုပ်ပြီးတဲ့လူများအနေနဲ့ Version အဟောင်းကို ပြန်ယူလို့မရတော့တာကြောင့် နောက်ထပ် Version တစ်ခုကို ထပ်စောင့်ရတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့် IOS 16.2 ကို Update မလုပ်ရသေးရင်တော့ Update မလုပ်ပဲနဲ့ ခဏစောင့်ဖို့ အကြံပေးလိုပါတယ်။

Exit mobile version