စထွက်တည်းက ဘယ်သူနဲ့မှမတူတဲ့ iPhone ရဲ့ ဒီဇိုင်းက Home Button လေးကစပြီး အခုဆိုရင်တော့ Dynamic Island ထိ မြင်တွေ့လာရပြီဖြစ်ပါတယ်။ iPhone 14 Pro series တွေမှာ မြင်တွေ့ရတဲ့ Dynamic Island က Apps တွေနှင့် Hardware တွေကို အတူတကွပေါင်းစပ်အလုပ်လုပ်နိုင်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ သီချင်းနားထောင်တဲ့အခါမျိုးဖြစ်ဖြစ်၊ Taxi ငှားစီးတဲ့အခါမျိုးဖြစ်ဖြစ်၊ အခြား Apps များစွာအတွက် တော်တော်အသုံးဝင်တဲ့ Dynamic Island တစ်ခုဖြစ်ပါတယ်။ Dynamic Island ထဲမှာဆိုရင် ဖုန်းရဲ့ အရှေ့ကင်မရာ ပါဝင်ပြီး Face Unlock လုပ်နိုင်ပါတယ်။
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2024/01/0x0-1024x576.jpg)
ယခုအချိန်ထိတော့ iPhone 15 နှင့် Pro series တွေအားလုံးမှာ Dynamic Island ပါဝင်လာပြီဖြစ်ပါတယ်။ နောက်ထပ်လာမယ့် iPhone 17 ကစပြီး Dynamic Island က မရှိတော့ဖို့သေချာနေပါတယ်။ ဒီသတင်းအချက်အလက်ကိုတော့ Apple ရဲ့ analyst တစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo က အတည်ပြုပြောကြားခဲ့ပါတယ်။ Dynamic Island ထဲမှာပါတဲ့ sensors ကိုလည်း Display အောက်မှာ တစ်ပါးတည်းထည့်သွင်းလာနိုင်ပါတယ်။ ဒီနည်းပညာကိုတော့ Under-Display Technology လို့ ခေါ်ပါတယ်။ iPhone 18 လောက်ကစပြီး ဒီနည်းပညာကိုတော့ မြင်တွေ့လာရမှာ ဖြစ်ပါတယ်။
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2024/01/oppo-under-screen-camera-2-1024x576.jpg)
Discussion about this post