Adobe ကို တိုက်ရိုက်စိန်ခေါ်လိုက်ပြီ – Apple က Creator Studio Suite အသစ်ကို မိတ်ဆက်

Apple ကတော့ creative software လောကကို တုန်လှုပ်သွားစေမယ့် “Apple Creator Studio” လို့ခေါ်တဲ့ software suite အသစ်ကို တရားဝင်ကြေညာလိုက်ပါပြီ။ ဒါက Adobe ရဲ့ Creative Cloud ကို တိုက်ရိုက်ပြိုင်ဆိုင်မယ့် creative app တွေကိုစုစည်းထားတဲ့ subscription service တစ်ခုပဲ ဖြစ်ပါတယ်။

ဒီ subscription ထဲမှာ Final Cut Pro, Logic Pro, Pixelmator Pro, Motion, Compressor နဲ့ MainStage တို့လို professional app တွေ အကုန်ပါဝင်မှာပါ။ Mac နဲ့ iPad ပေါ်မှာသုံးနိုင်တဲ့ app တွေအပြင် Mac အတွက်ပဲ သီးသန့် app တွေလည်း ပါဝင်ပါတယ်။

Adobe ကို တိုက်ရိုက်စိန်ခေါ်လိုက်ပြီ – Apple က Creator Studio Suite အသစ်ကို မိတ်ဆက်

ဈေးနှုန်းကတော့ တစ်လကို $12.99၊ တစ်နှစ်စာကို $129 နဲ့ပဲ ရရှိမှာ ဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေအတွက်ကတော့ တစ်လကို $2.99 ၊တစ်နှစ်စာကို $29.99 နဲ့ပဲ ရရှိမှာဖြစ်ပါတယ်။ Apple Creator Studio ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ စတင်ရရှိနိုင်မှာဖြစ်ပြီး တစ်လတာ free trial လည်း ပါဝင်ပါသေးတယ်။

Apple ရဲ့ ဒီခြေလှမ်းကတော့ Adobe Creative Cloud ကို တိုက်ရိုက် စိန်ခေါ်လိုက်တာပါပဲ။ Adobe က အရင်က software တွေကို တစ်ခါတည်း အပြတ်ဝယ်လို့ရရာကနေ subscription model ကို ပြောင်းလိုက်တုန်းက သုံးစွဲသူတွေကြားမှာ မကျေမနပ်ဖြစ်ခဲ့ကြတာကို Apple က အခွင့်ကောင်းယူလိုက်တာပါ။

ဈေးနှုန်းအရမ်းသက်သာတဲ့ ဒီ bundle နဲ့ Apple က creator တွေကို Adobe ဆီကနေ သူတို့ရဲ့ Mac နဲ့ iPad ecosystem ထဲကို ဆွဲခေါ်ဖို့ ကြိုးစားနေတာ ရှင်းပါတယ်။ ဒီပြိုင်ဆိုင်မှုကြောင့် Adobe အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပြီး၊ သုံးစွဲသူတွေအတွက်ကတော့ ရွေးချယ်စရာတွေ ပိုများလာတဲ့အတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Exit mobile version