AI ကို အသုံးချပြီး အစစ်၊အတုခွဲရခက်တဲ့ လိမ်ညာမှုပိုများလာတော့မယ်လို့ ပြောလိုက်တဲ့ Apple Co-Founder

Apple ကုမ္ပဏီရဲ့ Co-Founder တစ်ယောက်ဖြစ်တဲ့ Steve Wozniak ကတော့ AI တွေနဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်တစ်ခုကို ထုတ်ပြောခဲ့ပါတယ်။ နည်းပညာအသစ်တွေကြောင့် မကောင်းမှုတွေလည်း ပိုများလာနိုင်တယ်လို့ BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

“AI တွေနဲ့ပတ်သတ်ပြီး တိတိကျကျသေသေချာချာ မှတ်တမ်းပြုစုထားဖို့လိုတယ်၊ သက်ဆိုင်ရာအစိုးရကလည်း ဒါကိုကိုင်တွယ်စောင့်ကြည့်ဖို့ လိုတယ် ” လို့ Steve Wozniak က ပြောပါတယ်။

Steve Wozniak ဆိုတာ Apple ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ Steve Jobs နဲ့အတူတူ Apple ကုမ္ပဏီကိုတွဲဖက်တည်ထောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

“AI တွေအခုဆိုရင် အရမ်းတိုးတက်နေပြီ၊ မကောင်းတဲ့သူတွေအတွက်ပါ ဖွင့်ထားပေးသလိုဖြစ်နေတယ် ” လို့ မှတ်ချက်ပြုပါတယ်။

“AI တွေက လူတွေကို အစားထိုးသွားမယ်ဆိုတာကို ကျနော်မယုံကြည်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ AI တွေက ခံစားချက်ကင်းမဲ့တာမို့လို့ပါ” လို့ Steve Woziak က ပြောပါတယ်။

AI တွေကို တီထွင်ဖန်တီးတဲ့သူတွေအနေနဲ့လည်း တာဝန်ယူမှု၊ တာဝန်ခံမှုလိုကြောင်း Steve Woziak က သူ့ရဲ့ အမြင်ကိုပြောပါတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ AI ရဲ့ အကျိုးဆက်တွေကိုလည်း တာဝန်ယူရမယ်လို့ ဆိုပြီး အစိုးရအနေနဲ့လည်း ဥပဒေရေးရာဆိုင်ရာ ကိုင်တွယ်မှုတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

“ဒါပေမယ့် ဘယ်လိုဘဲ အစိုးရက ကိုင်တွယ်မယ်ဘဲပြောပြော၊ နောက်ဆုံးမှာ ပိုက်ဆံရှိတဲ့သူကဘဲ အနိုင်ရတာဘဲမဟုတ်လား ” လို့ Steve Woziak က ဥပဒေဆိုင်ရာ တာဝန်ရှိသူတွေကို မှတ်ချက်ပြုလိုက်ပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုထင်လဲ၊ AI တွေကို အစိုးရတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းကန့်သတ်ဖို့ လိုအပ်လားဆိုတာ မှတ်ချက်တွေ ပေးသွားကြပါအုံး။

Exit mobile version