Apple CEO Tim Cook က AI ဖွံ့ဖြိုးလာမှုဟာ စိတ်ဝင်စားစရာ ကောင်းလာပြီလို့ ပြောကြား

Apple CEO Tim Cook ဟာ ပြီးခဲ့တဲ့ သုံးလပတ် အစည်းအဝေးမှာ AI ရဲ့ တိုးတက်ဖွံ့ဖြိုးလာမှုဟာ စိတ်ဝင်စားစရာကောင်းလာပြီ ဖြစ်ကြောင်း သူ့ဝန်ထမ်းတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

CEO Tim Cook က “AI ရဲ့ တိုးတက်လာမှုနဲ့ အလားအလာဟာ စိတ်ဝင်စားစရာကောင်းလာပြီ၊ ဒါပေမယ့် ပြဿနာတွေအများကြီးရှိနေသေးလို့ နည်းပညာနဲ့ ထိန်းချုပ်မှုတွေပြုလုပ်ဖို့ များစွာလိုအပ်နေပါသေးတယ်၊ ဒါကြောင့် ချင့်ချိန်တွေးတောတတ်ဖို့ အရမ်းကိုအရေးကြီးတယ်” လို့ ပြောခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် Apple ဟာ AI လုပ်ငန်းမှာ ပါဝင်ထားပြီးဖြစ်သလို နောက်ပိုင်း Apple ရဲ့ Product တွေမှာ AI နည်းပညာကို ထည့်သွင်းသွားမှာဖြစ်ပေမယ့် အခြေခံကအစ အရမ်းကို သတိထားကာ ဆင်ခြင်စဥ်းစားရမှာဖြစ်ကြောင်းလည်း CEO က ပြောခဲ့ပါသေးတယ်။

AI လောကမှာ Apple ရဲ့ Siri ဟာ ရှေးအကျဆုံးဖြစ်ပေမယ့် အခုလို ChatGPT၊ Google Bard အစရှိတဲ့ AI များစွာ ထွက်ပေါ်လာတဲ့အချိန်မှာတော့ အနောက်မှာကျန်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုချိန်အထိ Siri မှာ မှားယွင်းမှုတွေ ချို့ယွင်းချက်တွေရှိနေသေးတာကြောင့် ဝန်ထမ်းများက မကျေနပ်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။ Apple ရဲ့ Product တွေကို AI နည်းပညာတွေ ထည့်သွင်းပေးဖို့ စီစဥ်နေပြီလို့ CEO က ပြောလာတာကြောင့် ဘယ် AI ကို အသုံးပြုမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Exit mobile version