iPhone 15 Series များ Overheat ဖြစ်ပွားခြင်းဟာ iOS 17 ရဲ့ Bugs ကြောင့်ဖြစ်ကြောင်း Apple က ထုတ်ပြန်

ပြီးခဲ့တဲ့ လထဲမှာ Apple က မိတ်ဆက်ပေးခဲ့တဲ့ iPhone 15 Series တွေဟာ Overheat ဖြစ်ပွားနေတယ်ဆိုတာ တစ်ကမ္ဘာလုံးရှိ အသုံးပြုသူများက ဝေဖန်ပြောဆို နေကြတာ ဖြစ်ပါတယ်။

အခုလို iPhone 15 Series တွေ Overheat ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး Apple ကတော့ iOS 17.1 Update နဲ့ အခြားသော Third-Party Apps များကြောင့် ဖြစ်ကြောင်း ပြန်လည်ပြောဆိုထားပါတယ်။ လူတွေလက်ထဲကို iPhone 15 မရောက်မီ စက်တင်ဘာလ ၁၈ ရက်နေ့လောက်မှာ iOS 17.1 Update ကို ထုတ်ပေးခဲ့တာကြောင့် ဘယ်သူ့ရဲ့ Error လဲဆိုတာ ပြောဖို့က ခက်တဲ့အနေအထား ဖြစ်နေပေမယ့် Apple ကတော့ iOS 17.1 ရဲ့ Bugs ကြောင့်လို့ ပြောထားပါတယ်။ ဒါ့အပြင် Instagram ၊ Uber ၊ Asphalt 9 Game တို့လို Third-Party Apps တွေကြောင့်လည်း ဖြစ်တယ်လို့ Apple က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Apple ရဲ့ ပြောကြားမှုအရ USB-C Power Adapter ကို 20W ထက် ပိုသုံးရင်လည်း ဖုန်းကိုပူစေနိုင်သလို နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ အရာများကြောင့် ဖုန်းကို Restore လုပ်တဲ့အခါမှာ ဖုန်းပူတာကို ဖြစ်စေနိုင်တယ်လို့လည်း သိရပါတယ်။ ယခုအချိန်ထိတော့ iPhone 15 ဖုန်းများ Overheat ဖြစ်ခြင်းရဲ့ အဓိက သော့ချက်ကို Apple ဘက်က အတိအကျ ဖြေရှင်းပေးတာမျိုး မရှိသေးပဲ အကြောင်းပြချက်တွေကိုသာ ပေးနေတာ တွေ့ရပါတယ်။ ဝေဖန်သုံးသပ်သူများရဲ့ ပြောကြားမှုအရ A17 Pro Chip အသစ်ကြောင့် ဖြစ်နိုင်သလို Titanium Frame ကြောင့်လည်း ဖြစ်နိုင်ကြောင်း အစရှိတဲ့ ဝေဖန်မှုများစွာ ရှိနေပါတယ်။

iPhone အသုံးပြုသူများအနေနဲ့ iPhone 15 ကို များစွာမျှော်လင့်ထားပေမယ့် အခုလို Overheat ပြဿနာအပြင် ဖုန်းရဲ့ အနောက်မှန်ဟာလည်း အရင်ကထက် အလွယ်တကူ ကွဲနိုင်တယ်ဆိုတဲ့ Review တွေပါရှိနေတာကြောင့် အသုံးပြုသူများအတွက် စိတ်ကျေနပ်မှုကို မပေးစွမ်းနိုင်ပဲ ဖြစ်နေပါတယ်။ အခုလို ဖြစ်ပွားနေတဲ့ ပြဿနာတွေကို Apple ဘက်ကအမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်နေတာဖြစ်ပြီး မဖြေရှင်းနိုင်ရင်တော့ ၂၀၂၃ အတွက် iPhone 15 ဟာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version